အ များ အကျိုး ရွက်သည်ပိုးက ၊ ခနိုး ခနဲ့ ဆိုကဲ့ရဲ့လည်း ၊မဖဲ့မစောင်း ကိုယ့်လမ်းကြောင်းကို ၊စိတ်ကောင်းနဲ့ယှဉ် ရှေးရှုနှင်လော့။ အားလုံးသတ္တဝါဝေနေယျာ ကျန်းမာချမ်းသာကြစေသာ၊ သူတော်ကောင်းဓါတ် တရားမြတ် လွှမ်းပတ်ကမ္ဘာတည်စေသောဝ်

joke

ဖြစ်မှ ဖြစ်ရလေ
ကိုအူတစ်ယောက် ဘီယာဆိုင်ထဲ ဝင်လာသည်။ထို့နောက် ဘီယာသုံးခွက် မှာ ပြီးနောက် တစ်ခွက်ပြီးတစ်ခွက် သောက်လေသည်။ထို့နောက် သုံးခွက် ထပ် ပါသည်။ထိုအခါ စားပွဲ ထိုးက ဘီယာ အေးအေး သောက်ချင် ပါ က တစ် ခါထဲ သုံးခွက် မှာ ရန် မလို ကြောင်း၊ တစ်ခွက် ကုန် လျှင် နောက်တစ်ခွက် သူငဲ့ ပေးမည် ဖြစ်ကြောင်းပြောလေသည်။ ထို အခါ
ကိုအူ-မင်း ဘာသိလို့လဲ ကွ၊ ငါ့မှာ အစ် ကို နှစ်ယောက်ရှိသေးတယ်ကွ၊ သူတို့နှစ် ယောက်စာအတွက် ပါ သောက်နေတာ။
နေစဉ်နေတိုင်း ကိုအူ သည် ထိုကဲ့သို့ သောက်လေသည်။တစ် လခန့် ကြာသောအခါ ကို အူ တစ် ယောက် ဆိုင်ထဲ သို့ ဝင် လာ ကာ ဘီ ယာ နှစ်ခွက် သာ မှာ လေ သည်။ ထိုအခါ
စားပွဲထိုး- နောင်ကြီး၊ ထူးဆန်းလှချည်လား၊ ခင်ဗျား အစ် ကို တစ် ယောက် များ ဆုံး သွားလို့လားဗျာ။အဲဒီလို ဆို ရင် တော့ စိတ် မကောင်း ပါဘူး။
ကိုအူ- ဟာ မဟုတ်တာဗျာ၊ ကျုပ် အစ် ကို တွေ နေ ကောင်း ပါ တယ်၊
စားပွဲထိုး- ဟင် ဒါဆို ၊ဘာလို့ ဘီယာနှစ်ခွက်ထဲ မှာ တာလဲဗျ။
ကိုအူ-အော် ဒါလား ၊ ကျုပ် က ဘီယာ ဖြတ်လိုက် ပြီဗျ၊ ဒီ နှစ်ခွက် က ကျုပ်အစ် ကို တွေ အတွက် သောက် တာ။

0 comments:

ကမ္ဘာ့နာရီ

About This Blog

Lorem Ipsum

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP