အ များ အကျိုး ရွက်သည်ပိုးက ၊ ခနိုး ခနဲ့ ဆိုကဲ့ရဲ့လည်း ၊မဖဲ့မစောင်း ကိုယ့်လမ်းကြောင်းကို ၊စိတ်ကောင်းနဲ့ယှဉ် ရှေးရှုနှင်လော့။ အားလုံးသတ္တဝါဝေနေယျာ ကျန်းမာချမ်းသာကြစေသာ၊ သူတော်ကောင်းဓါတ် တရားမြတ် လွှမ်းပတ်ကမ္ဘာတည်စေသောဝ်

ကျွန်တော်နဲ့ 501

501တို့ GIO ဆိုရင် လူ ငယ် တိုင်း သိ ကြ ပါတယ်။( 501 ဆိုတာ ချဲထိုးဖို့ အတိတ်ပေးတာ)။ ဈေးနည်းနည်းကြီးတော့ ဝယ်ဝတ်ဖို့ တော်တော်စဉ်းစားရတယ်လေ။ ကြုံတုန်းဘန်ကောက်က Shoppoing Center တစ်ခု အကြောင်း မိတ်ဆက်ပေးမယ်။ MBK(mai bon khron) ဆို အားလုံး သိကြပါတယ်။ နိုင်ငံခြားသားတွေ ၊ ပြည်တွင်း က လူငယ်တွေအတွက် ဈေးဝယ်လို့ ကောင်း တဲ့ နေ ရာ လေး ပါ။GIO တို့ Addidas တို့ Lacoste တို့ brand ကောင်းတာတွေ Promotion မကြာမခ ချလေ့ ရှိ တယ်ဗျ။

တစ်ခါတစ်လေ ၇၀% လျော့ဈေး ပါ တဲ့။ ဒါပေမဲ့ ၇၀% ရာခိုင်နှုန်းလျော့တာတောင် ကျွန်တော်တို့ အတွက်က တော်တော်အီစလံဝေတဲ့ဈေးဖြစ်နေသေးတယ် ။ကျွန်တော်တော့ အားရင် MBK သွားပြီး window shopping ( မဝယ်ပဲ လိုက်ပြီးသားရေကျတာ) လုပ်လေ့ရှိတယ်။ ကဲ 501 ဘက် စကားပြန်လှည့်မယ်။ ဈေးကြီးတဲ့ ဒီbrand ကို အိမ်နေရင်းအဝတ်ကအစ ပွဲတိုးတဲ့အဝတ်ထိ ကျွန်တော့်ဝတ်ဖို့ စပွန်ဆာရတယ်ဗျ။ သူငယ်ချင်းတို့ မအံသြဘူးလား။ ကျွန်တော်လည်း ဘယ် ထင် ပါ့ မလည်း ၊ ကိုယ့်ကိုယ်ကို ဒီလောက်ကံကောင်းမယ်လို့။ ဘယ်လို စပွန်ဆာရသလည်း ဆို တာ ပြော ပြ မယ်။ ဘန်ကောက်ကိုရောက်ပြီး ၃ ပတ်လောက်ကြာတော့ ပါလာတဲ့အဝတ်အစားတွေ၊ဝယ်ထားတာတွေ ညစ် ပတ်နေတာ နဲ့ Laundary ကို အဝတ်တွေ အပ် လိုက် တယ် ဗျာ။ ၃ ရက်လောက်ကြာတော့ အဝတ် တွေ ပြန် လာ ပေးတယ်။ ဟာာာာာာာာာ.. အဲ့ ဒီ့ မှာ ကျွန်တော် အံ သြသွားတယ်။ ပြန် လာ ပေး တဲ့ အဝတ် အစား တွေ အကုန် လုံး က 501 တွေ ချည်း ပဲ ဗျာ။ ဘာ လို့ လည်း၊ ဘာ လို့ လည်း၊ ဗျာ။ အကြောင်းရင်းကတော့ ကျွန်တော်နေတဲ့အခန်းက 501 ဗျ။ အဝတ်လျော်တဲ့သူ တွေက အဝတ်တွေမလွဲအောင် အဝတ်မှန်သမျှ 501တပ် လိုက် တယ်။ မှတ်ကရော ကျွန်တော်အခု အခန်းထဲနေရင်းဝတ်တဲ့ ပုဆိုးကအစ 501 တံဆိပ်ဗျာ။

0 comments:

ကမ္ဘာ့နာရီ

About This Blog

Lorem Ipsum

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP