အ များ အကျိုး ရွက်သည်ပိုးက ၊ ခနိုး ခနဲ့ ဆိုကဲ့ရဲ့လည်း ၊မဖဲ့မစောင်း ကိုယ့်လမ်းကြောင်းကို ၊စိတ်ကောင်းနဲ့ယှဉ် ရှေးရှုနှင်လော့။ အားလုံးသတ္တဝါဝေနေယျာ ကျန်းမာချမ်းသာကြစေသာ၊ သူတော်ကောင်းဓါတ် တရားမြတ် လွှမ်းပတ်ကမ္ဘာတည်စေသောဝ်

မှားတဲ့အခါလည်း မှားပေမပေါ့

သူ များ နိုင်ငံမှာ နေရတာ အဂ်လိပ်ရုံးသုံး မဟုတ်တဲ့ နိုင်ငံ တွေ ဆိုတော့ သူ့ မိခင်စကားလေး တတ်ထား မှ အဆင် ပြေ တယ် ဗျ။ ထိုင်း စကား နည်းနည်းတော့ သင် ထား ရ တာပေါ့။ ဘာသာစကားအသစ်တစ်ခု စလေ့လာရင် ကျွန်တော် ဘယ်စကားလုံးကို လေ့လာ သလည်းဆိုတော့အဟီး မေး နေ စရာ လို ဘူး ထင်တယ်။ နောက် ဈေး ဝယ် ရင် အဆင်ပြေအောင် တစ်၊နှစ်၊ သုံးလေး သင်တယ် ဗျာ။ ကြုံတုန်း ပြော ပြမယ်။

၁-နိန်၊၂-ဆောင်၊၃-စံ၊စီ-၄၊၅-ဟ၊၆-ဟုတ်၊၇-ကျတ်၊၈-ပဲတ်၊၉-ကောက်-၊ ၁၀- ဆစ် ။ ၁၁-ဆစ်အတ်၊ ၁၂-ဆစ်ဆောင် ...၊ ၂၀ ဆို ဆောင်ဆစ်လို့ ထင် ထား တာ ၊မဟုတ် ဘူး ဗျာ။ ယီးဆစ်တဲ့၊ ၃၀တို့ဘာတို့ ၄၀ တို့ ကျတော့ ၃ နဲ၎ နောက်မှာ ဆစ်ကပ်လိုက်ရုံပဲလေ။ ဒီလောက်သိရင် ဈေးမေး ဈေးဝယ်လောက်တော့ ရပီပေါ့ ကိုယ့် အထင်နဲ့ကိုယ် ကိုယ်ထင်ကြီးလုပ် နေတာ။ တစ်နေ့ ထိုင်း မ သူ ငယ် ချင်း ၃ယောက်၇ယ်၊ အမေရိကန်က သူငယ်ချင်းတစ်ယောက်ရယ် ထိုင်းခေါက်ဆွဲ(ပတ်ထိုင်းလို့ခေါ်တယ်) သွား စား ကြ တယ်။ စားပြီးတော့ ထိုင်းမတွေက ပိုက်ဆံ ရှင်းကြည့်ပါလို့ပြောတယ် ၊ ထိုင်းလိုပြောခိုင်းတယ်။ အဲဒါနဲ့ ကျွန်တော်တို့ ၂ယောက်က ထောင့်ရိုင်ခပ်(ဘယ်လောက်ပါလည်းဗျာ) လို့ မေး လိုက် တယ်။ ဆိုင် ရှင်က ယိဖား ဆိုတော့ ၂ယောက်လုံးကြောင်သွားတယ်၊ ဂဏန်းတွေထဲမှာ ဒါမပါဘူးပေါ့။ ကျွန်တော်တို့ကိုကြည့်ပြီး ထိုင်းမတွေက ရယ်ကြတယ်ဗျာ။ သူတု့က ရှင်းပြတယ် ယိဖါးဆိုတာ ၂၅ ပါပဲတဲ့။ ယီးဆစ်ဟား ဆိုတာ ၂၅ ဗျ ကျွန်တော်တို့ သင်ထားတာ၊ ယိဖားနဲ့တွေ့တော့ငုတ်တုပ်ကို မေ့တော့တာပါပဲ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ မြန်မာအသုံးအနှုံးကို သွား သတိရမိ တယ် ဗျာ။ ၂၅ ကျပ် ဆို တာကို အစိတ် ပါ လို့ သွား ပြော ရင် နိုင်ငံခြားသားတွေ မတ်တပ်မေ့သွား နိုင်တယ်နာ်။
နောက် ထိုင်းတွေက စကားပြောရင် ရနဲ့ လနဲ့ မပီဘူးဗျ။ သတိမထားမိရင် ရ က လဖြစ်တော့တာပဲ။ ကျွန်တော့်သူငယ်ချင်းထိုင်းမနဲ့ ကျွန်တော်က အားတဲ့အခါ ကြက်တောင် သွား ရိုက် လေ့ ရှိ တယ်။ ကြက်တောင်ရိုက်ရင်းနဲ့ သူက ဆောလီး ဆောလီး နဲ့ ခဏ ခဏ ပြောတော့၊ ကိုယ် ပါ အကျင့် ပါ လာ တယ်။ အမှန် ဆို သူက အဂ်လိပ်စာကောင်းတယ်၊ သတိမထားပဲပြောလို့ ဆောရီးကနေ ဆောလီး ဖြစ် သွားတာ။ သူတို့ကို စချင်လို့ ဆောလီး ပြောရင်းက အကျင့်ပါသွား လို့ တွေ့တယ်အခါ ဆောလီးလို့ပြောမိရင် ဆောလီးဗျို့။ ရေးချင်တာတွေ မစီမစဉ်ပဲရေး လိုက် လို့ မျက်စိနှောက်ပြီး ဖတ်ရတာပျင်းစရာကောင်းနေရင်လည်း ဆောလီးပါဗျာ။

0 comments:

ကမ္ဘာ့နာရီ

About This Blog

Lorem Ipsum

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP