အ များ အကျိုး ရွက်သည်ပိုးက ၊ ခနိုး ခနဲ့ ဆိုကဲ့ရဲ့လည်း ၊မဖဲ့မစောင်း ကိုယ့်လမ်းကြောင်းကို ၊စိတ်ကောင်းနဲ့ယှဉ် ရှေးရှုနှင်လော့။ အားလုံးသတ္တဝါဝေနေယျာ ကျန်းမာချမ်းသာကြစေသာ၊ သူတော်ကောင်းဓါတ် တရားမြတ် လွှမ်းပတ်ကမ္ဘာတည်စေသောဝ်

အသဲကွဲ၂၀၀၉

'ဟယ်လို' တွေက မျက်စိနောက်လောက်အောင် ရုန့်ရင်းဆန်ခတ်လို့
Message တွေ ပလူပျံအောင် ကခုန်နေချိန်
နှစ်ချို့  ရက်စွဲတွေကို သဂြိုလ်ရင်း
၂၀၀၉ ဟာ အပျိုဘော်ဝင်လာတယ်။
ပြောင်းလဲခြင်းနိယာမကို ဖော်ထုတ်အပြီးမှာ
ရှက်သွေးဖြာနေတဲ့နှစ်သစ်က
လက်ဆောင်ပဏ္ဍာတွေဆက်သလို့
လောကကြီးကိုအားရပါးရ နှတ်ခွန်းဆက်လိုက်တယ်။
အဲ့ဒီ့နေ့..
လူတွေကရားရေရွတ်ပြောနေကြတဲ့
'အချိန်တွေပြောင်း နှစ်တွေဟောင်းလည်း
မပြောင်းမလဲ သစ်နေဆဲပါ' ဆိုတဲ့အရာက
ငါ့ရင်ဝကို ခပ်နာနာဆောင့်ကန်သွားတယ်။
အနမ်းပန်းတွေ လန်းစေခဲ့တဲ့ သူ့နှတ်ခမ်း
အလွမ်းအဆွေးတွေ တေးသီခဲ့တဲ့ သူ့နှတ်ခမ်းက
'မေ့လိုက်တော့' ဆိုတဲ့ စကားလုံးမိုင်းဗုံးနဲ့
ငါ့ဘယ်ဘက်နံရိုးကို
ပိုးစိုးပက်စက် ရိုက်ချိုးသွားတယ်။
အဲ့ဒီလိုနဲ့..
လန်ထွက်နေအောင် လန်းတဲ့ ၂၀၀၉နဲ့အတူ
နှလုံးလမ်းကြောင်းမှာ ကျွန်းခံနေတဲ့ငါ
ဒဏ်ရာဗရပွကို နမ်းရှိုက်ရင်း
ဘုံးဘောလအော ကျဆုံးခဲ့ရပြန်တယ်။ ။ :'(

2 comments:

Anonymous January 7, 2009 at 10:30 AM  

ီနှစ်စမှာ ပျော်ရွင်ပါစေ လမ်းပြကြယ်လေး
အသဲမကွဲနဲ့ဦး မကျဆုံးနဲ့ဗျ ကြိုးစားထား

phoekyaw January 8, 2009 at 11:12 PM  

lar lae thwar par tae kwa.myn ka nay kyaw khwa pyi lar lae thwar tar naw .good luck in 2009*

ကမ္ဘာ့နာရီ

About This Blog

Lorem Ipsum

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP