အ များ အကျိုး ရွက်သည်ပိုးက ၊ ခနိုး ခနဲ့ ဆိုကဲ့ရဲ့လည်း ၊မဖဲ့မစောင်း ကိုယ့်လမ်းကြောင်းကို ၊စိတ်ကောင်းနဲ့ယှဉ် ရှေးရှုနှင်လော့။ အားလုံးသတ္တဝါဝေနေယျာ ကျန်းမာချမ်းသာကြစေသာ၊ သူတော်ကောင်းဓါတ် တရားမြတ် လွှမ်းပတ်ကမ္ဘာတည်စေသောဝ်

အတွေးစများ စုစည်းခြင်း (၂)

စကားလုံးများ၊ အဓိပ္ပါယ် နှင့် ဝိရောဓိ

၂၀၀၁ ခုနှစ်၊ ကျွန်တော် (၁၀) တန်းကျောင်းသား အရွယ်လောက်က ဖြစ်သည်။
အဲအချိန်ခေတ်ပေါ် မော်ဒန်စာရေးဆရာ တစ်ယောက်၏ စာအုပ်တွေကို တော်တော်ကြိုက်လိုက်ဖူးသည်။
အဲအရွယ် အဲအတွေးနဲ့ သူတွေးပြသမျှက အလန်ကြီးတွေ ဖြစ်နေသည်။

ထိုတုန်းက ဖတ်မိတဲ့ စာအုပ်တစ်ခုထဲက စာသား တစ်ခုကို သတိသွားရမိသည်။
အပြည့်အစုံမဟုတ်သော်လည်း ဆိုလိုသည်ကို တူအောင် ပြန်ရေးထားပါသည်။
လူတစ်ယောက်အား မေးနေခြင်းဖြစ်သည်။
မင်း အဲအချိန်က မှောင်မည်းနေတာဆိုတော့ ဘာမှ မမြင်လိုက်ရဘူးပေါ့?
အမေးခံရသည့်သူက ပြန်ဖြေသည်။
မဟုတ်ဖူးလေ အမှောင်ကို မြင်လိုက်ရတာပေါ့။
ဒီလိုပုံစံဖြစ်သည်။
အဲစာသားတွင် ထပ်တောင် ဖြည့်ထားသေးသည်။
အင်းပေါ့၊ အဲလို ဖြေမှာပေါ့၊ သူက ဖီလိုဆော်ဖါပဲ။
ဒီစာသားကို အဲတုန်းက ဟုတ်သည်ဟုပဲ လက်ခံနိုင်ခဲ့သည်။
စာရေးဆရာကို တော်တော် မြင်တတ်တာပဲ ဟုတောင် တွေးမိလိုက်သေးသည်။
နောက်..တကယ်ကျတော့ အဲလို မဟုတ်ဟု စဉ်းစားရမည့် အချက်ကို တွေးမိလာသည်။
အဲကိစ္စက စကားလုံးနှင့် အနက်အဓိပ္ပါယ်ဖြစ်သည်။
အဓိက မေးသည့် ကိစ္စမှာ မြင်သလား၊ မမြင်ဘူးလား ဖြစ်သည်။
မြင်ခြင်းဆိုသည်ကို အဓိပ္ပါယ်ဖွင့်ရန် လိုလာသည်။
အဘယ်ကိစ္စကို မြင်သည်ဟု ခေါ်သနည်း?
အမှန်တကယ်က (၈) တန်း သိပ္ပံဖတ်စာအုပ်လောက် ကနဲကပါသည်။
အမြင်ဆိုသည်မှာ အလင်းအရင်းအမြစ်တစ်ခုမှ ထုတ်လွှတ်သော အလင်းတန်းသည် အရာဝထ္တု တစ်ခုအား ရိုက်ခတ်ပြီး မျက်လုံးသို့ ပြန်ရောက်လာရာ၊ မျက်လုံး သူငယ်အိမ်မှ တဆင့် ဦးနှောက်အာရုံကြောသို့ အသိပေးပြီး အမြင်အာရုံ ဖြစ်လာခြင်းဖြစ်သည်။
ထိုသို့ သတ်မှတ်ပါက အမေးခံရသူ ပြန်ဖြေသော အဖြေမှာ အဓိပ္ပါယ်လုံးဝ မရှိနိုင်ပေ။
အမှောင်ဆိုသည်မှာ အလင်းမရှိခြင်းဖြစ်သောကြောင့် ထိုအရာအား မြင်ရခြင်းဟု၍ သတ်မှတ်၍ မရသောကြောင့် ဖြစ်တော့သည်။
ထို့ကြောင့် ထိုသူအား အတွေးအခေါ်ပညာရှင် (ဖီလော်ဆော်ဖါ) ဟု မဆိုထားဘိ (၈) တန်းစာပင် မကျေသော သူအဖြစ်သာ သတ်မှတ်ရတော့ မည်ဖြစ်သည်။
ကျွန်တော် အဓိက ဆိုလိုချင်သည်မှာ ထိုသူ လွဲသည်ဟု ပြောချင်သည်ထက်၊ စကားလုံးများအတွက် အဓိပ္ပါယ် သတ်မှတ်ချက် လိုသည်ဟုသော အချက်ဖြစ်သည်။
ထိုသို့ အဓိပ္ပါယ် သတ်မှတ်ရန် ကြိုးစားသောအခါတွင်လည်း မည်သည့်အရာဖြင့် သတ်မှတ်မည်နည်း?
စကားလုံးများဖြင့် ပြန်လည်သတ်မှတ်ပါက၊ ထို စကားလုံးများအားလည်း အပြန်ပြန် အလှန်လှန် အဓိပ္ပါယ် ဖွင့်ယူရခြင်းဖြင့် မဆုံးသော ပြန့်ကားခြင်း ဖြစ်လာမည် ဖြစ်သည်။
ထို အချင်းအရာသည် မော်ဒန်စာပေသို့ ဦးတည်လေသည်။
သို့သော် ယခု ကျွန်တော်ရေးသည်မှာလည်း စကားလုံးများသာ ဖြစ်သောကြောင့် ဖတ်ရှုသူမှ အဓိပ္ပါယ်ကို လက်ခံထားသည့် အတိုင်းသာ ဖွင့်မည်ဖြစ်သောကြောင့် ကွဲလွဲနိုင်ပါသေးသည်။
ဒုတိယအချင်းအရာသည် ဝိရောဒိသို့ ဦးတည်လေသည်။

0 comments:

ကမ္ဘာ့နာရီ

About This Blog

Lorem Ipsum

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP