အ များ အကျိုး ရွက်သည်ပိုးက ၊ ခနိုး ခနဲ့ ဆိုကဲ့ရဲ့လည်း ၊မဖဲ့မစောင်း ကိုယ့်လမ်းကြောင်းကို ၊စိတ်ကောင်းနဲ့ယှဉ် ရှေးရှုနှင်လော့။ အားလုံးသတ္တဝါဝေနေယျာ ကျန်းမာချမ်းသာကြစေသာ၊ သူတော်ကောင်းဓါတ် တရားမြတ် လွှမ်းပတ်ကမ္ဘာတည်စေသောဝ်

သူဘယ်သူလည်း??



သူဘယ်သူလည်းဆိုတဲ့ မေးခွန်းကို အရင်ဖြေပါ ပြီးမှ ဒီပို့စ်ကို ဆက်ဖတ်ကြတာပေါ့။

လောကကြီးမှာက လူတူမရှား ၊ နာမည်တူမရှားမို့လား။ ကျွန်တော်တို့ရွှေနိုင်ငံမှာ ကိုရာဇာနေဝင်းကြီးရဲ့ ခေတ်တုန်းကပေါ့ လူငယ်တွေ ရာဇာနေဝင်းစတိုင်လ်တွေဖမ်းပြီး ရာဇာclone ဆိုတဲ့ ခေတ်တစ်ခေတ်ဖြစ်ခဲ့သေးတယ်။ အဲ့ တုန်းက ရာဇာနဲ့တူတဲ့သူတွေ ဘယ်လောက် အကျိုး(ခြေကျိုးလက်ကျိုးမဟုတ်ဘူးထင်တယ်)များခဲ့လည်းတော့  မသိပါဘူး။ ဒီတစ်ခါတော့ အမေရိကန်ရဲ့  ပထမဆုံးသော လူမည်းသမ္မတ Obama နဲ့ တူတယ့် သူတစ်ယောက်ရဲ့  စန်းထခြင်းအကြောင်လေးပါ။ သူ့နာမည်က Ilham Anas ။ အင်ဒိုနီးယားနိုင်ငံသား ဖြစ်တဲ့ Ilham Anas ဟာ သာမန်ဓါတ်ပုံဆရာလေး တစ်ယောက်သာ ဖြစ်ပါတယ်။ သူရဲ့ သာမန်ဘဝဟာ အမေရိကန်သမ္မတအဖြစ် Obama ဖြစ်လာပီးနောက်ကို ပြောင်းလဲသွားစေပါတယ်။ Obama သမ္မတအဖြစ် အရွေးခံရတဲ့နေ့က Ilham Anas ရဲ့  သူငယ်ချင်းတွေက Ilham Anas ကို ဝတ်စုံပြည့်ဝတ်ဆင်စေပြီး Obama အဖြစ် ဓါတ်ပုံရိုက်ပီး အင်တာနက်ပေါ်ကို အပျော်တင် လိုက် ကြပါတယ်။ အင်ဒိုနီးရှားပြည်သူတွေဟာ သူတို့ အင်ဒိုနိုင်ငံနဲ့ ပတ်သက်၊စပ်ဆက်မှုရှိနေတဲ့Obama ကို အလွန်တရာစိတ်ဝင်စားကြပါတယ်။အဲ့ဒါနဲ့ Ilham Anas ကို သူတို့စိတ်ဝင်စားလာကြပါတယ်။ အခုဆိုရင် ကုပ္မဏီများဟာ Ilham Anas ကို ကြော်ငြာရိုက်ဖို့ ကမ်းလှမ်းနေကြပါပီ။ အခုတော့ သာမန်ဓါတ်ပုံဆရာလေး Ilham Anas တစ်ယောက် အမေရိကန်သမ္မတကြီး Barack Obama ရုပ်တူ တစ်ယောက် အနေနဲ့ ဝင်ငွေတွေ ရလာနေပြီဖြစ်ပါတယ်။
Powewr By - Reuter

0 comments:

ကမ္ဘာ့နာရီ

About This Blog

Lorem Ipsum

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP