အ များ အကျိုး ရွက်သည်ပိုးက ၊ ခနိုး ခနဲ့ ဆိုကဲ့ရဲ့လည်း ၊မဖဲ့မစောင်း ကိုယ့်လမ်းကြောင်းကို ၊စိတ်ကောင်းနဲ့ယှဉ် ရှေးရှုနှင်လော့။ အားလုံးသတ္တဝါဝေနေယျာ ကျန်းမာချမ်းသာကြစေသာ၊ သူတော်ကောင်းဓါတ် တရားမြတ် လွှမ်းပတ်ကမ္ဘာတည်စေသောဝ်

သူတို့ကို ဘယ်လိုခေါ်ကြမလည်း

Image Hosted by ImageShack.us
Image Hosted by ImageShack.us
ပုံကိုဒီကယူတယ်
သူတို့လေးတွေ မချောဘူးလားဗျာ??? သူတို့ကို ဘယ်လိုခေါ်ကြမလည်းဆိုတော့ လာပါဦးလို့ ခေါ်မယ်လား(အခန်းကို ခေါ်ဖို့မဟုတ်ဘူးနော်)။ ဆက်ဖတ်ကြတာပေါ့။
ဒီမြို့ ကို ကျွန်တော်စရောက်ကတည်းက တာဝန်ရှိသူတွေက မိတ်ဆက်ပေးတယ်။ Angels of City လို့ ဒီမြို့ ကို တင်စားကြတယ်တဲ့။ မိန်းမချော တွေ အရမ်းပေါလို့ပါတဲ့။ သူတို့ပြောချင်လည်း ပြောလောက်ပါပေတယ်၊ အနောက်တိုင်းဆန်ဆန် ပွင့်လင်းတဲ့အဝတ်အစားတွေနဲ့ အရှေ့တိုင်းအလှမယ်တွေကို တွေ့နေရတာလေ။ ထိုင်းနိုင်ငံက ဒီAngels of City လို့ခေါ်တဲ့ ဘန်ကောက်မှာ
မိန်းမချောတွေ တကယ်ပေါပါတယ်။ ရောက်ခါစကတော့ ကွမ်းသီးကြိုက်တောင်ငူရောက်သလို၊ ကျွန်တော်လမ်းပြကြယ်လည်း အကြိုက်
ပေါ့ဗျာ။ ရောက်ရာအရပ်တိုင်းမှာ တံတွေးပဲ မြိုချနေရတယ်(ရေငတ်လို့ပါ)။

အခုတော့ လမ်းပြကြယ် မငမ်းရဲတော့ဘူးဗျာ။ မိန်းကလေးမဟုတ် ယောကျာ်းလေးမဟုတ်ဟာတွေကို တွေ့လာနေရလို့ပါ။ မြင်ရုံနဲ့ (မိမွေးတိုင်းဖ မွေးတိုင်းပြမယ်) အတု လား အစစ်လားခွဲတတ်ရင် လမ်းပြကြယ်ကို ကြိုက်သလိုပြောပါလို့ပြောရပုံပေါက်နေတယ်။
တကယ်မိန်းကလေးတွေထက်ကို လှပါတယ်။ ဒါပေမဲ့ မိန်းကလေးမဟုတ်မှန်းသိရတော့ ချစ်ဖို့နေနေသာသာ အံတောင်အံချင်လာတယ်။
တကယ်ဗျာ ဒီခေတ်ကြီးက လက်လန်အောင်အံသြဖို့ကောင်းတယ်ဗျာ။ သက်မဲ့တွေအကုန် အတုထွင်နေတာအားမရဘူး၊ မိန်းမအတုတွေပါ ပေါ်လာနေတာခက်တယ်။ နောက်ပိုင်းဆို မိန်းမအစစ်ကို တော်တော်ရှာယူရမယ်ထင်ပါတယ်။ သူတို့က မိန်းမလည်းမဟုတ်ဘူး ၊ ယောကျာ်းလည်းမဟုတ်ပြန်ဘူး၊ သူတို့ကို ဘယ်လိုနေရာပေးရင် ကောင်းမလည်း ဘယ်လိုအမည်တပ်ရမလည်း ကိုကိုလို့ခေါ်ရမလား မမလို့ပဲခေါ်ရမလားဆိုတာ ဒီပို့စ်လေးအောက်မှာ အကြံပေးကြပါ။ ကာလသားကိုကိုတို့
သိထားဖို့အသိပေးထားရအုံးမယ်ဗျာ ။ ဘန်ကောက်ရောက်ရင် ကောင်မလေး မြင်တိုင်းမငမ်းကြပါနဲ့။ နိုက်ကလပ်သွားရင်လည်း သတိထားကြပါလို့(မယုံမရှိနဲ့ကိုယ်တွေ့)။ ပထမဓါတ်ပုံရှင်ကတော့ The winner of 2007 ၊ဒုတိယပုံကတော့ The winner of 2004 ပါ။ လိင်ပြောင်းထားသော မိန်းမအတုဆိုပေမဲ့ အစစ်ထက်တောင်လှတယ်လို့ထင်ရပါတယ်။ သို့သော် အတုမှန်းသိနေတော့ ဘယ်လိုမှ သူတို့အလှအပကို ခံစားလို့မရတော့ပါဘူးဗျာ။

1 comments:

Anonymous February 8, 2009 at 7:21 PM  

har har, thar thar kyite kyite

ကမ္ဘာ့နာရီ

About This Blog

Lorem Ipsum

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP