အ များ အကျိုး ရွက်သည်ပိုးက ၊ ခနိုး ခနဲ့ ဆိုကဲ့ရဲ့လည်း ၊မဖဲ့မစောင်း ကိုယ့်လမ်းကြောင်းကို ၊စိတ်ကောင်းနဲ့ယှဉ် ရှေးရှုနှင်လော့။ အားလုံးသတ္တဝါဝေနေယျာ ကျန်းမာချမ်းသာကြစေသာ၊ သူတော်ကောင်းဓါတ် တရားမြတ် လွှမ်းပတ်ကမ္ဘာတည်စေသောဝ်

အတွေးစများ စုစည်းခြင်း (၁)

တွေးခြင်းကို တွေးခြင်း

လူသားအားလုံး တွေးကြပါသည်
စဉ်းစားတွေးခေါ်သည်မဟုတ်ပါ.. တွေးကြယုံသက်သက်သာဖြစ်သည်
ထို့နောက် သူတို့ တွေးတောသည့်အတိုင်း နေထိုင်ကြလေသည်

ကျွန်တော်လည်း သူတို့ ဘယ်လို တွေးသည်ဆိုတာကို လိုက်တွေးမိပါသည်
သာမန်တွေးတောသော အတွေးများသည် ဘဝအတွက် အကျိုးရှိမည်ဟု ဆို၍မရပါ
မိမိတတ်နိုင်သော ရှုထောင့် အစုံစုံမှ သုံးသပ်မှသာ အတွေးအခေါ်ကောင်း ရနိုင်မည်ဖြစ်သည်
မိမိ အသိပညာ အတွေ့အကြုံတို့ကို အခြေခံ၍ တွေးတော လက်ခံကြခြင်းဖြစ်သည်
အသိပညာနှင့် အတွေ့အကြုံဆိုသည်မှာလည်း တိုးတက်နိုင်၊ ပြောင်းလဲနိုင်နေသောကြောင့်
လူတစ်ယောက် အတွေးအခေါ်မှာ တသက်မတ်ထဲ မရှိနေနိုင်ပါ
အထက်ပါတို့မှာ တွေးခြင်းအပေါ် ကျွန်တော်တွေး၍ရသော သဘောထားအကြမ်းဖြစ်ပါသည်
အခု ကျွန်တော် တွေးမည်ဖြစ်ပါသည်
အသံထွက်စဉ်းစားခြင်း၊ စာရေးစဉ်းစားခြင်းကဲ့သို့ အတွေးစများကို စုစည်းနိုင်ရန်
web page ပေါ်တွင် ချရေးပါမည်၊ ချတွေးပါမည်

0 comments:

ကမ္ဘာ့နာရီ

About This Blog

Lorem Ipsum

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP