အ များ အကျိုး ရွက်သည်ပိုးက ၊ ခနိုး ခနဲ့ ဆိုကဲ့ရဲ့လည်း ၊မဖဲ့မစောင်း ကိုယ့်လမ်းကြောင်းကို ၊စိတ်ကောင်းနဲ့ယှဉ် ရှေးရှုနှင်လော့။ အားလုံးသတ္တဝါဝေနေယျာ ကျန်းမာချမ်းသာကြစေသာ၊ သူတော်ကောင်းဓါတ် တရားမြတ် လွှမ်းပတ်ကမ္ဘာတည်စေသောဝ်

ဘဝဟူသည် မာရသွန်

မာရသွန်ပြေးပွဲအကြောင်းကို ငယ်ငယ်က ကျောင်းဖတ်စာအုပ်ထဲတွင် သင်ဖူးပါသည်။
ထိုဒဏ္ဍာရီအရ ဘီစီ ၄၉၀ တွင် ဂရိနှင့် ပါရှန်းတို့ စစ်ဖြစ်ခဲ့သော မာရသွန်စစ်ပွဲကို အခြေခံလေသည်။

ထိုအကြောင်းကို ဒဏ္ဍာရီကွဲ များစွာရှိသော်လည်း အဓိကအကြောင်းအရာမှာ ဖိဒစ်ပီးဒိစ်ဟုအမည်ရသော လူငယ်သည် မာရသွန်စစ်ပွဲတွင် ဂရိတို့ နိုင်ပြီဖြစ်ကြောင်းကို မာရသွန်အရပ်မှ (၂၆) မိုင်အကွာရှိ အေသင်မြို့ကို ပြေးပြီးအကြောင်းခဲ့ရသည်။
ထိုသို့ စစ်နိုင်ကြောင်းသတင်းပေးနိုင်လိုက်သော်လည်း ထိုလူငယ်မှာ အသက်ရှုံးဆုံးခဲ့ရသည်။
ထိုဒဏ္ဍာရီမှ အစပြုပြီး မာရသွန်အပြေးပွဲများ ပေါ်ပေါက်ခဲ့သည်ဟု ဆိုလေသည်။
၁၉၉၀ ကျော်လောက်က မြန်မာနိုင်ငံတွင်လည်း မာရသွန်အပြေးပွဲများ ကျင်းပပေးခဲ့ဖူးသည်။
ရုပ်မြင်သံကြားမှ မြို့တော်ဝန်မာရသွန် သီချင်းများ အစီအစဉ်များကို ပြသပေးခဲ့သည်၊ လူအများလဲ စိတ်ဝင်တစားရှိခဲ့ကြသည်။
ကျွန်တော်ကိုယ်တိုင်အတွက်မူ အားကစားဝါသနာမပါသောကြောင့်၊ မှတ်မှတ်ရရ ငယ်စဉ် (၄) ကျောင်းသာအရွယ်တွင် တာတိုပြေးပွဲ တစ်ခုနှင့် ပထမနှစ်တွင် မီနီမာရသွန် တို့တွင်သာ အားကစားပွဲဟု ဖြစ်ဖြစ်မြောက်မြောက် ဝင်ပြိုင်ခဲ့ဖူးပါသည်။
ပထမ (၄) တန်းအရွယ်တွင် ဝင်ပြေးသည်မှာ တကယ့် အကွာအဝေးတိုတိုလေး ဖြစ်သည်။
အစုအဝေးသဘင် လုပ်ရာ ကွင်းပြင် တောင်ထိပ်မြောက်ထိပ်လောက် ပြေးရခြင်းဖြစ်သည်။
ကျွန်တော် ဘိတ်ဆုံးမှ ရောက်သည်။ ကျွန်တော်ပြေးသည်ကို မြင်သော အစ်ကိုတစ်ယောက်က ပြောသည်။
မင်းတာထွက်တာကိုက နောက်ကျတာတဲ့။
ပထမနှစ် မီနီမာရသွန် ဝင်ပြေးတော့ ဆုချိတ်ရမည်ဆိုပြီး ဝင်ပြေးခြင်းဖြစ်သည်။
တက်တက်ကြွကြွနှင့် နံပါတ်သွားယူသောကြောင့် နံပါတ် (၁) နှင့်ပြေးရသည်။ တန်းစီတော့လည်း ရှေ့ပိုင်းဘက်က ယူသည်။
ပြေးရင်းပြေးရင်းနှင့် အလေ့အကျင့်မရှိသောကြောင့် ခြေထောက်များ ထုံလာတော့သည်။
သို့သော မရပ်ဘဲ အားတင်းပြေးခဲ့သဖြင့် နံပါတ် (၆) ဖြင့် ပန်းဝင်ခဲ့သည်။
အဲနေရာမှာ ကျွန်တော် စဉ်းစားမိသည်က တာတိုအပြေးနှင့် မာရသွန် တော်တော်ကွာခြားကြောင်း ဖြစ်သည်။
အားကစား မယ်မယ်ရရ မလုပ်ဘူးဘဲ မိမိအတွေ့အကြုံကို အခြေခံ တွေးယုံသာဖြစ်သဖြင့် တကယ့် အပြေးသမားအမြင်နှင့်တော့ ကွာပေလိမ့်မည်။
တာတို အပြေးပွဲတွင် တာမလွှတ်ခင် အကုန် တညီထဲ တန်းစီပြီး၊ အချက်ပေးသည်နှင့် ခြေကန်အားဖြင့် တာထွက်သည်။
ထို့နောက် အားကုန်သုတ်ပြေးပြီး ပန်းတိုင် အရောက် တိုးဝင်ရသည်။
မာရသွန်က ထိုသို့မဟုတ် တာလွှတ်တွင် တန်းစီသည်မှာ လူပေါင်းများစွာလည်းဖြစ်သည်။
တညီထဲမဟုတ် အုပ်လိုက်ကြီး။
စတာထွက်ပြေးလျှင်လည်း လက်သီးစုပ်ပြီး လက်နှစ်ဘက်ကို ရှေ့ရင်အုံ အပေါ်ဘက် ခပ်မြှောက်မြှောက်တင်၊ ပုံမှန်သာသာ ပြေးထွက်ရသည်။
သက်လုံကောင်းရန်နှင့် ပြေးနှုန်းမကျရန် အရေးကြီးသည်။
ပြိုင်ပွဲတို့၏ အဓိက ပန်းတိုင်ချင်းလဲ ကွာသည်။
ပုံမှန်အပြေးပွဲများတွင် ဗိုလ်ဆွဲအောင် ပြေးဖို့ အရေးကြီးသည်။
မာရသွန်ကတော့ ပန်းဝင်ရေးသည် အရေးကြီးသည်။
နောက်.. ကျွန်တော် ဘဝကို အပြေးပွဲတစ်ခုနှင့် ယှဉ်တွေးမိသည်။
လူတွေအများစုရဲ့ ဘဝအမြင်နှင့် ခံယူချက်ကို ပြန်ကြည့်လိုက်လျှင် ဘဝကို ပုံမှန်အပြေးပွဲတစ်ခုလိုမြင်သည်။
အားကုန်သုတ်လိုကြပြီး၊ ဗိုလ်ဆွဲဖို့ပဲ အာရုံစိုက်သည်။
မိမိရှေ့ ခပ်လှမ်းလှမ်း ရောက်နေပါက ထိုလူကို မကျော်တက်နိုင်ဟုလဲ တွက်မိတတ်သည်။
တခါတခါ ရောက်နေသည့်လူကို ဖြတ်ကျော်နိုင်ဖို့ အသည်းအသန် ရုန်းသည်။
မိမိသက်လုံကို ထိခိုက်စေမည်ကို မစဉ်းစား။
တကယ်က ဘဝသည် တာတိုပြေးပွဲမဟုတ် မာရသွန်ပြိုင်ပွဲဖြစ်နေသည်။
ဘဝ စတာထွက်ခါစက ဘာဘာညာညာ ကွဲပြားခဲ့ကြသည်မဟုတ်။
လူအုပ်ကြီးလိုက် တန်းစီရသလို အရောရော အထွေးထွေးဖြစ်သည်။
ရှေ့ရောက်နေ၍လည်း ပထမနှင့် ဝင်မည်ဟု ပြော၍မရ။
မာရသွန်ပြေးဖူးပါက မိမိရှေ့ရှိ လူကို ဖြတ်ကျော်တက်ရာတွက် မိမိအရှိန်ဖြင့် တက်ရသည်ထက်၊ တဖက်က သက်လုံကျ၍ (ဒါမှမဟုတ်) ဒဏ်မခံ၍ အနားယူသွားသူများ ပိုများသည်ကို သတိထားမိလိမ့်မည်။
နောက် ရည်မှန်းချက်ကလဲ ပထမ ဗိုလ်ဆွဲချင်စိတ်ဖြင့်မလွယ်၊ ပန်းဝင်ရေးကို အာရုံစိုက်၍ တစိုက်မတ်မတ် ပြေးနိုင်မှရသည်။
မဟုတ်ပါက ပန်းဝင်လိမ့်မည်ပင်မဟုတ်ဘဲ အနားယူရလိမ့်မည်ဖြစ်သည်။
ဒါ့ကြောင့် ဘဝကို တာတိုအပြေးပွဲလို မပြေးမိသင့်ဟု မြင်မိသည်။
အားလုံးထက် ပိုပညာတက်ရမယ်၊ ပိုချမ်းသာရမယ် စတဲ့ ပထမ ဗိုလ်ဆွဲရေးကို မဦးတည်သင့်။
တကယ်က ဘဝဆိုတာ မာရသွန်အပြေးပွဲ ဆိုတာကို သတိထားပြီး အေးချမ်းတဲ့ ဘဝဆိုတဲ့ ပန်းတိုင်ကိုပဲ အာရုံစိုက်သင့်သည်။
မိမိ ဘဝရဲ့ နေ့ရက်တွေတိုင်းကို သက်လုံကောင်းကောင်းနဲ့ ပုံမှန်လေး ကြိုးစားအားထုတ်သွားပါက၊ ပန်းဝင်မည့်အပြင် တခြား သက်လုံမခံနိုင်တဲ့ သူတွေကိုလဲ ကျော်တက်နိုင်ကြပါလိမ့်မည်။
သူငယ်ချင်းအားလုံး ပန်းဝင်နိုင်ကြပါစေ။

1 comments:

Anonymous March 4, 2009 at 9:03 PM  

လာဖတ်သွားတယ်နော်ဇင်လင်း
ဒီလို အတွေးလေးတွေထပ်ရေးပါဦး
အစ်မ မအားတာနဲ့ပဲခုမှပဲလာလည်ဖြစ်တော့တယ်
pure

ကမ္ဘာ့နာရီ

About This Blog

Lorem Ipsum

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP