အ များ အကျိုး ရွက်သည်ပိုးက ၊ ခနိုး ခနဲ့ ဆိုကဲ့ရဲ့လည်း ၊မဖဲ့မစောင်း ကိုယ့်လမ်းကြောင်းကို ၊စိတ်ကောင်းနဲ့ယှဉ် ရှေးရှုနှင်လော့။ အားလုံးသတ္တဝါဝေနေယျာ ကျန်းမာချမ်းသာကြစေသာ၊ သူတော်ကောင်းဓါတ် တရားမြတ် လွှမ်းပတ်ကမ္ဘာတည်စေသောဝ်

ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ အနှစ် (၆၀) ပြည့် လွတ်လပ်ရေးနေ့ အမှတ်တရ

ဒီနေ့ ၂၀၀၉ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့၊ ကျွန်တော်တို့ မြန်မာနိုင်ငံ လွတ်လပ်တဲ့နိုင်ငံဖြစ်တာ အနှစ် (၆၀) ပြည့်ပြီပေါ့ဗျာ။ လွန်ခဲ့တဲ့ တစ်ပတ်၊ နှစ်ပတ်လောက်က ဒီဇင်ဘာ (၂၅) နဲ့ ဒီဇင်ဘာ (၃၁)၊ ဇန်နဝါရီလ (၁) စတဲ့ အဲရက်တွေမှာ SMS နဲ့ Messenger တွေကနေ အမှတ်တရ နှုတ်ခွန်းဆက်တာတွေ လက်မလည်အောင် ရခဲ့သလို၊ ကိုယ်ကလဲ ပို့ပေးခဲ့ပါတယ်။
ခုလို ကိုယ့်အမိနိုင်ငံကို ပြည်ထောင်စု မြန်မာနိုင်ငံတော် ရယ်လို့ လွပ်လပ်တဲ့ တိုင်းပြည်အဖြစ် ပြန်လည်မွေးဖွါးပေးခဲ့တဲ့ အထူးခြားဆုံး နေ့ရက်မှာ ဘာလို့များ လူတွေ နှုတ်ဆိတ်နေကြပါလိမ့်?

ကျွန်တော်ကိုယ်တိုင်လဲ ဒီနေ့ တို့နိုင်ငံရဲ့ လွတ်လပ်ရေးနေ့ကွလို့ ကြွေးကျော်ချင်စိတ် ပျောက်နေမိပါတယ်
ဒါမို့လဲ ဒီ Blog လေးမှာပဲ တိတ်တိတ် လာရေးပြီး၊ အမှတ်တရ လုပ်လိုက်မိတာပါ
အဲလိုဖြစ်နေရတာ.. ဘာလို့လဲ? ဘာလို့လဲ? ကျွန်တော်တွေးနေမိပါတယ်
လူတွေလဲ တွေ့နေတာပဲ၊ သူတို့လဲ မေ့နေတာလား ကျွန်တော်လိုပဲ စိတ်ထဲမှာ အသက်မဝင်နေတာလား?
တွေးကြည့်ပေးကြပါဗျာ....
ဒါမှ မဟုတ်လဲ ပြည်သူတွေ စိတ်ထဲမှာများ လွတ်လပ်ရေးမရကြသေးလို့လား?

0 comments:

ကမ္ဘာ့နာရီ

About This Blog

Lorem Ipsum

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP