AutoCAD ဆိုသည်မှာ
၁-၁ AutoCAD အကြောင်း
AutoCAD ၏ First released ကို ၁၉၈၂ ခုတွင် MicroCAD အမည်ဖြင့် စတင်ဖြန့်ချီ ခဲ့ပါသည်။ ထို့နောက်တွင် AutoCAD သည် အစွမ်း ထက်မြက်သော ပုံဆွဲ ကိရိယာ တစ်ခုဖြစ်လာခဲ့ပါသည်။ AutoCAD သည် Computer Aided Design (CAD) ခေါ် Drawing Software များထဲမှ အခြေခံအကျဆုံးသော Software တစ်ခုဖြစ်ပါသည်။ Autodesk ကုမ္ပဏီမှ ထုတ်လုပ်သော CAD software များတွင် ဈေးနှုန်း အနည်းဆုံး ဖြင့် ရောင်းချသော software တစ်ခုဖြစ်ပါသည်။ ထို့ကြောင့် ၄င်း၏ လုပ်ဆောင်နိုင် စွမ်းရည်မှာ အခြားသော software များထက် နိမ့်ကျနေပါသည်။ သို့ရာတွင် AutoCAD တွင် ထူးခြားသော အရည်အချင်း တစ်ရပ် ရှိနေပါသည်။ ၄င်းမှာ Command line ပင်ဖြစ်ပါသည်။ ၄င်းသည် program ရေးသွင်းနိုင်သော Programming inerface ပင်ဖြစ်ပါသည်။ ရှေးဦးစွာ ပေါ်ခဲ့သော Programming Language များမှ ယနေ့ထက်တိုင် အသုံးပြုနေသော language နှစ်ခု ရှိပါသည်။ ၄င်းတို့မှာ FORTRAN နှင့် LISP programming တို့ ဖြစ်ပါသည်။ Auto CAD သည် AutoLISP ခေါ် LISP based program တစ်ခုပေါ်တွင် တည်ဆောက်ထားပါသည်။ အောက်ပါ အတိုင်း ရိုက်ကြည့်ပါ။
Command: (* 5 9)
45
ထို့ကြောင့် AutoCAD သည် program ရေးသွင်းနိုင်သော CAD software တစ်ခုဖြစ်ပါသည်။ ဤသည်ပင်လျှင် AutoCAD ၏ ထူးခြားမှုဖြစ်ပြီး user ကိုယ်တိုင်မှ မိမိ စိတ်ကြိုက် ပြင်ဆင် ဖြည့်စွက်နိုင်မှုကို autodesk မှ ပေးအပ်ထားပါသည်။ သို့ရာတွင် Draftman အနေဖြင့် အသက်မွေးဝမ်းကျောင်းနေသူများ အနေဖြင့် AutoCAD ကို အထူးလေ့လာရန် လိုသော်လည်း ၊ မိမိတို့ လုပ်ငန်း အခြေအနေ အရ သင်ယူရသူများအနေဖြင့် အထူးကျွမ်းကျွင်စွာ လေ့ကျင်ခြင်းထက် မိမိသက်ဆိုင်ရာ နယ်ပယ် အလိုက် အထူးပြု software များကို ဆက်လက် လေ့လာရန် တိုက်တွန်းလိုပါသည်။ အခြားသော အဆင့်မြင့် CAD များ ကို လေ့လာရန်မှာမူ AutoCAD ကို မသိမဖြစ်လေ့လာရန်လိုအပ်ပါသည်။
၁-၂ AutoCAD Interface or General Features of AutoCAD
(1) | Title Bar | လက်ရှိ Drawing ၏ အမည်ကို ဖော်ပြပေးသည်။ |
(2) | Menu Bar | Menu များကို ခေါ်တင်၍ အသုံးပြုရန် နေရာဖြစ်သည်။ မိမိစိတ်ကြိုက် ပြုပြင် ပြောင်းလဲ နိုင်သည်။ |
(3) | Toolbars | AutoCAD command များကို tools များ အနေဖြင့်ဖော်ပြပေးသည်။ မိမိစိတ်ကြိုက် ပြုပြင် ပြောင်းလဲ နိုင်သည်။ |
(4) | Drawing Area | ပုံဆွဲရန် နေရာဖြစ်သည်။ |
(5) | Cursor | AutoCAD တွင် Pointer အစား cursor ဖြင့် သုံးပါသည်။ |
(6) | UCS Icon | User Coordinate system Drawing အတွင်းရှိ Coordinate တန်ဖိုးအားလုံးကို UCS origin မှ တိုင်းတာသည်။ လိုအပ်သလို ရွေ့ပြောင်းနိုင်သည်။ |
(7) | Model/Layout Tabs | Model space (ပုံဆွဲသော နေရာ) နှင့် Paper space (စာရွက်)ကို ရည်ညွှန်းသည်။ |
(8) | Command Line | User ခိုင်းစေသော command တစ်ခု ပြီးဆုံးရန် လိုအပ်ချက်များ ကို ဖော်ပြပေးသည်။ |
(9) | Status Bar | ပုံဆွဲမှု အထောက်အကူပြု Drawing Aids Command များ၏ အခြေအနေ ကို ဖော်ပြပေးသည်။ |
(10) | Scroll Bar | Drawing ရေးဆွဲရာ တွင် မြင်ကွင်း မပြည့်စုံပါက ရွေ့ကြည့်နိုင်ရန် ဆောင်ရွက်ပေးသည်။ |
မှတ်ချက်။ ။ ယခု ဖော်ပြချက်များသည် အကြမ်းဖျင်း ဖော်ပြချက်များသာ ဖြစ်ပြီး အသေးစိတ် သိလိုပါမူ ဆရာ Robert Tin Aye ရေးသားသော Applied AutoCAD 2002 ၌ ဖတ်ရှုနိုင်ပါသည်။
၁-၃ Function and Accelerator Keys
No | Title | Description |
1 | F1 | Help File ကို ဖွင့်ပေးသည်။ |
2 | F2 | Text Screen ဝါ Command window ကို ဖော်ပြ သို့ ပိတ်ပေးသည်။ |
3 | F3 | Osnap ON/OFF |
4 | F4 | Tablet ON/OFF |
5 | F5 | Iso Mode ဖြင့် ပုံဆွဲသောအခါ Isoplane ကို လှည့်ပေးသည်။ |
6 | F6 | Coords ON/OFF |
7 | F7 | Grid ON/OFF |
8 | F8 | Ortho ON/OFF |
9 | F9 | Snap ON/OFF |
10 | F10 | Polar ON/OFF |
11 | F11 | Object Snap Tracking ON/OFF |
12 | F12 | Dynamic Input ON/OFF |
13 | CTRL+A | Groups ON/OFF |
14 | CTRL+B | Snap ON/OFF |
15 | CTRL+C | COPY to clipboard* |
16 | CTRL+D | Coords ON/OFF |
17 | CTRL+E | Isoplane Toggle |
18 | CTRL+F | Osnaps ON/OFF |
19 | CTRL+G | GRID ON/OFF |
20 | CTRL+K | Hyperlink dialogue ကို ဖွင့်ပေးသည် |
21 | CTRL+L | Ortho ON/OFF |
22 | CTRL+N | New Drawing ကို ဖွင့်ပေးသည်* |
23 | CTRL+O | Open Dialogue ကို ဖွင့်ပေးသည်* |
24 | CTRL+P | Print Dialogue ကို ဖွင့်ပေးသည်* |
25 | CTRL+S | Drawing အသစ်ဖြစ်ပါက save dialogue ကို ဖွင့်ပေးသည်။ Name ပေးပြီးပါက save ပေးသည် |
26 | CTRL+X | Clipboard သို့ CUT လုပ်ပေးသည်* |
27 | CTRL+Z | UNDO * |
မှတ်ချက်။ ။ *ပြထားသော Shortcut များသည် Window shortcut များနှင့် အတူတူပင်ဖြစ်သည်။
၁-၄ Command တစ်ခုအား ခိုင်းစေခြင်း။
AutoCAD တွင် Command တစ်ခု ကို နည်းလမ်း (၃) ရပ်ဖြင့် ထည့်သွင်းနိုင်သည်။
၁။ Menu များမှ တဆင့် ခိုင်းစေခြင်း။ Menu bar မှ Menu များကို ဆွဲချ၍ နှစ်သက်ရာ command ကို ရွေးချယ်နိုင်သည်။ ဥပမာ- Line ဆွဲရန် Draw Menu မှ Line ကို ရွေးပါ။
၂။ Toolbar မှ တဆင့် ခိုင်းစေခြင်း ။ Toolbar များမှ Line Tool
ကို ရွေး၍ နှိပ်ပါ။ Line Tool မှာ Draw Toolbar ထဲတွင် ရှိပါသည်။
၃။ Keyboard ကို သုံး၍ Command Line မှ တဆင့် ခိုင်းစေခြင်း။ ဤနည်းလမ်းသည် အသုံးအများဆုံး နည်းလမ်းဖြစ်သည်။ ဥပမာ- Line ဆွဲရန် line ဟု ရိုက်၍ spacebar ကိုပုတ်ပါ။ သို့ အတိုကောက် l ဟု ရိုက်၍ spacebar ကို ပုတ်ပါ။
၁။ Menu များမှ တဆင့် ခိုင်းစေခြင်း။ Menu bar မှ Menu များကို ဆွဲချ၍ နှစ်သက်ရာ command ကို ရွေးချယ်နိုင်သည်။ ဥပမာ- Line ဆွဲရန် Draw Menu မှ Line ကို ရွေးပါ။
၂။ Toolbar မှ တဆင့် ခိုင်းစေခြင်း ။ Toolbar များမှ Line Tool
၃။ Keyboard ကို သုံး၍ Command Line မှ တဆင့် ခိုင်းစေခြင်း။ ဤနည်းလမ်းသည် အသုံးအများဆုံး နည်းလမ်းဖြစ်သည်။ ဥပမာ- Line ဆွဲရန် line ဟု ရိုက်၍ spacebar ကိုပုတ်ပါ။ သို့ အတိုကောက် l ဟု ရိုက်၍ spacebar ကို ပုတ်ပါ။
မှတ်ချက်။ ။ AutoCAD တွင် space bar ကို Enter key အဖြစ်သုံးသည်။ ညာဘက်က မောက်စ် ကို သုံး၍ ဘယ်ဘက်လက်မှ command ကို keyboard မှ တဆင့် ရိုက်သွင်းခြင်းသည် သက်တောင့်သက်သာ အရှိဆုံးဖြစ်ပါသည်။
၁-၅ နောက်ဆုံး Command ကို ပြန်လည်အသုံးပြုခြင်း။
AutoCAD တွင် နောက်ဆုံး အသုံးပြုထားသော Command ကို နည်းလမ်း (၃) ရပ်ဖြင့် ပြန်ခေါ်နိုင်သည်။
၁။ Keyboard ပေါ်ရှိ Enter key ကို နှိပ်ပါ။
၂။ Spacebar ကို နှိပ်ပါ။
၃။ Right Click ခေါက်ပါ။
၁။ Keyboard ပေါ်ရှိ Enter key ကို နှိပ်ပါ။
၂။ Spacebar ကို နှိပ်ပါ။
၃။ Right Click ခေါက်ပါ။
၁-၆ AutoCAD command တစ်ခု ကို cancel လုပ်ခြင်း။
Active ဖြစ်နေသော command တစ်ခု ကို cancel လုပ်ရန် Esc key ကိုနှိပ်ပါ။
မှတ်ချက်။ ။ တစ်ချို့သော command များသည် option များပါဝင် သဖြင့် Esc ကို တစ်ခါနှိပ်ယုံဖြင့် ထွက်မသွားပါ။ ထို့ကြောင့်သေချာအောင် နှစ်ခါနှိပ်သင့်ပါသည်။
၁-၇ Pointing Device (Mouse) ကို အသုံးပြုခြင်း
ယနေ့ခေတ်သုံး မောက်စ်များတွင် အများအားဖြင့် အစိတ်အပိုင်း (၃) ပိုင်းဖြင့် ဖွဲ့စည်းထားပါသည်။
Left Mouse Button
ဘယ်ဘက် မောက်စ် ခလုပ်ကို object များကို select လုပ်ရာတွင် သုံးပါသည်။ ထို့အပြင် Double click နှင့် press and drag လိုရာသို့ ဖိဆွဲခြင်းများလည်း ပြုနိုင်သည်။
Right Mouse Bottom
ညာဘက်မောက်စ် ခလုက်ကို Enter အဆုံးသတ်ရာတွင် သုံးပါသည်။ အကယ်၍ Options များရှိနေသေးလျှင် popup menu များခေါ်ရန် သုံးပါသည်။
Scroll wheel
ဘီးကို ပုံမှန် အားဖြင့် Window ကို ထက်အောက်ရွှေ့ကြည့်ရန် သုံးသော်လည်း AutoCAD တွင် zoom in/out လုပ်ရန်သုံးပါသည်။ ဘီးကို ရှေ့သို့ တွန်းလိုက်ခြင်းသည် အနီးသို့ ဆွဲကပ်ကြည့်ခြင်း (zoom in) ဖြစ်၍ နောက်သို့ ဆွဲလိုက်ခြင်းသည် အဝေးမှကြည့်ခြင်း (zoom out) ဖြစ်ပါသည်။ ဘီးကို ဖိနှိပ်လိုက်ပါ က pointer သည် လက်ပုံသို့ပြောင်းသွားပါသည်။ ယင်းမှာ zoom pan သို့ ပြောင်းသွားခြင်းဖြစ်ပြီး မြင်ကွင်းကို လိုရာသို့ ရွှေ့ရန် သုံးပါသည်။

မှတ်ချက်။ ။ Scroll Wheel ဖြင့် zoom အမျိုးမျိုး ကြည့်ခြင်းကို မည့်သည့် command active ဖြစ်နေသည်ဖြစ်စေ ကြားဖြတ် သုံးနိုင်ပါသည်။
0 comments:
Post a Comment