အ များ အကျိုး ရွက်သည်ပိုးက ၊ ခနိုး ခနဲ့ ဆိုကဲ့ရဲ့လည်း ၊မဖဲ့မစောင်း ကိုယ့်လမ်းကြောင်းကို ၊စိတ်ကောင်းနဲ့ယှဉ် ရှေးရှုနှင်လော့။ အားလုံးသတ္တဝါဝေနေယျာ ကျန်းမာချမ်းသာကြစေသာ၊ သူတော်ကောင်းဓါတ် တရားမြတ် လွှမ်းပတ်ကမ္ဘာတည်စေသောဝ်

Nong Nooh ခရီးသည်-အပိုင်း(၂)(မဟာမြိုင်ခရီးသည် နဲ့ မည်သို့မျှ မသက်ဆိုင်)

ကျွန်တော်ခရီးသွား၆ယောက်ဟာ Buddha Mountain ကနေ Nong Nooh ဆီကို ချီတက်လာခဲ့ကြပါတယ်။ အဝင်ပေါက်မှာ ကျွန်တော်တို့ ၆ယောက်စလုံး စကားမပြောမိစေဖို့ ကြိုတင် သတိပေးလိုက်ကြပါတယ်။ ဘာလို့လည်းဆိုတော့.. Tourist fee နဲ့ Local fee က နေရာတိုင်းမှာ အနည်းဆုံး ၂ဆကွာလို့ပါ။ ကျွန်တော်တို့ ကားဆရာက မြန်မာလူမျိုး ၊ ထိုင်းငံသားဖြစ်ပါတယ်။ သူက အဝင်ပေါက်မှာ ကျွန်တော်တို့ကို ထိုင်းလူမျိုးတွေလို့ပြောပီး ဝင်ခဲ့ကြပါတယ်။ တစ်ခုရှိတာက ကျွန်တော်တို့ ကျောင်းသားတွေအနေနဲ့က ကျောင်သားကဒ်ပြဝင်ရင် Local fee နဲ့သွားလို့ရပါတယ်။ ကျွန်တော်ဆို ကျောင်းသားကဒ်နဲ့ လုပ်စားနေတာကြာပီ ။
Free Image Hosting at www.ImageShack.us
ကားရပ်တဲ့ နေရာနဲ့ မလှမ်းမကမ်းမှာပဲ စားသောက်ဆိုင်များနဲ့ စက်ဘီးငှားတဲ့နေရာရှိပါတယ်။ ရောက်ရောက်ချင်း အမောပြေ ရေဝယ်သောက်ကြတယ် ၊ အဲ့ဒီမှာ ရေ၀.၆ လီတာတစ်ဗူးကို ဘတ်၂၀တဲ့။ အကယ်ဈေးက ၇ဘတ်ပဲရှိတာလေ။ အဲဒါ စိတ်က အချဉ်ပေါက်တာနဲ့ ဈေးရောင်းတဲ့သူကို ဈေးဒီလောက်ကြီးရလားပေါ့ဆိုပြီး ဟိုပြောဒီပြော အပြစ်ပြောလိုက်တယ် ၊ မြန်မာလိုပြောတာပါ၊ ထိုင်းလိုပြောရင်၊ အဂ်လိပ်လိုပြောရင် ပြသနာတက်မှာစိုးလို့ ။ ဈေရောင်းတဲ့သူမျက်နှာကို တည့်တည့်ကြီးကိုကြည်ပီး မြန်မာလို ပြောလိုက်တာ။ ငါကွပေါ့ သူမှ နားမလည်တာဆိုပြီး။ အဲဗျာ ကိုယ်လည်း သူနားမလည်ဘူးဆိုပြီး အားမနာ ပါးမနာပြောထည့်လိုက်တာ၊ ကိုယ်လည်း စကားပြောပြီးရော၊ အစ်ကိုတို့ အလည်လာတာလား တဲ့။ သေပြီဆရာပဲ၊ မျက်နှာကို ထူပူသွားတာပဲ။ ထိုင်းကိုလာရင် သူများနိုင်ငံဆိုပြီး မြန်မာလို အတင်းမအုပ်မိပါစေနဲ့ ၊ shopping mall တိုင်းမှာ စားသောက်ဆိုင်တော်တော်များများမှာ မြန်မာအလုပ်သမားတွေ ရှိပါတယ်။
စောစောက ရေသန့်ရောင်းတဲ့သူက စားသောက်ဆိုင်ကပါ။ သူနဲ့ စကားပြောရင်း ဆင်ပြပွဲနဲ့ ထိုင်းရိုးရာကပွဲကြည့်ချင်တဲ့အကြောင်း ၊ လက်မှတ် ဝယ်ရင် စုံစမ်းပါတယ်။ အဆိုပါ မိတ်ဆွေက လက်မှတ်မဝယ်ပါနဲ့တဲ့ ဈေးကြီးပါတယ်တဲ့။ အလကားဝင်၍ရသော အပေါက်( ခွေးတွေးပေါက်ဟုတ် ခေါ်သည်ဟု ကျွုပ်ယူဆသည် :P) မှ ဝင်ရန်အကြံပြုပါသည်။ ဆင်ပြပွဲနဲ့ ထိုင်းရိုးရာပြဇတ်ကပွဲမှာ မြန်မာအမျိုးသမီး ၇၀၀ကျော်ရှိတယ်လို့ သူကပြောပါတယ်။ အဲဒါနဲ့ နေ့လည်၂နာရီမှာ ပြန်တွေ့ရန် ချိန်းဆိုပြီး ဥယျာဉ်ထဲ ထွက်ရန် ပြင်ဆင်ကြပါတယ်။
ဥယျာဉ်ကြီးဟာ ဧက၆၀၀ကျော် ကျယ်ဝန်းပါတယ်။ ဥယျာဉ်ထဲပတ်ရန်အတွက် shuttle bus နဲ့ပတ်လို့ရပါတယ်။ ၊ ကျွန်တော်တို့ လွတ်လွတ်လပ်လပ်သွားချင်တဲ့အတွက် စက်ဘီးငှားပြီး ပတ်ကြပါတယ်။
အရှေ့ တောင်အာရှအကြီးဆုံးဥယျာဉ်ပီပီ ရှုခင်းရှုကွက်မျိုးစုံနဲ့ ကျယ်ဝန်းလှပါတယ်။






0 comments:

ကမ္ဘာ့နာရီ

About This Blog

Lorem Ipsum

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP