အ များ အကျိုး ရွက်သည်ပိုးက ၊ ခနိုး ခနဲ့ ဆိုကဲ့ရဲ့လည်း ၊မဖဲ့မစောင်း ကိုယ့်လမ်းကြောင်းကို ၊စိတ်ကောင်းနဲ့ယှဉ် ရှေးရှုနှင်လော့။ အားလုံးသတ္တဝါဝေနေယျာ ကျန်းမာချမ်းသာကြစေသာ၊ သူတော်ကောင်းဓါတ် တရားမြတ် လွှမ်းပတ်ကမ္ဘာတည်စေသောဝ်

Nong Nooh ခရီးသည်-အပိုင်း(၂)(မဟာမြိုင်ခရီးသည် နဲ့ မည်သို့မျှ မသက်ဆိုင်)

ကျွန်တော်ခရီးသွား၆ယောက်ဟာ Buddha Mountain ကနေ Nong Nooh ဆီကို ချီတက်လာခဲ့ကြပါတယ်။ အဝင်ပေါက်မှာ ကျွန်တော်တို့ ၆ယောက်စလုံး စကားမပြောမိစေဖို့ ကြိုတင် သတိပေးလိုက်ကြပါတယ်။ ဘာလို့လည်းဆိုတော့.. Tourist fee နဲ့ Local fee က နေရာတိုင်းမှာ အနည်းဆုံး ၂ဆကွာလို့ပါ။ ကျွန်တော်တို့ ကားဆရာက မြန်မာလူမျိုး ၊ ထိုင်းငံသားဖြစ်ပါတယ်။ သူက အဝင်ပေါက်မှာ ကျွန်တော်တို့ကို ထိုင်းလူမျိုးတွေလို့ပြောပီး ဝင်ခဲ့ကြပါတယ်။ တစ်ခုရှိတာက ကျွန်တော်တို့ ကျောင်းသားတွေအနေနဲ့က ကျောင်သားကဒ်ပြဝင်ရင် Local fee နဲ့သွားလို့ရပါတယ်။ ကျွန်တော်ဆို ကျောင်းသားကဒ်နဲ့ လုပ်စားနေတာကြာပီ ။
Free Image Hosting at www.ImageShack.us
ကားရပ်တဲ့ နေရာနဲ့ မလှမ်းမကမ်းမှာပဲ စားသောက်ဆိုင်များနဲ့ စက်ဘီးငှားတဲ့နေရာရှိပါတယ်။ ရောက်ရောက်ချင်း အမောပြေ ရေဝယ်သောက်ကြတယ် ၊ အဲ့ဒီမှာ ရေ၀.၆ လီတာတစ်ဗူးကို ဘတ်၂၀တဲ့။ အကယ်ဈေးက ၇ဘတ်ပဲရှိတာလေ။ အဲဒါ စိတ်က အချဉ်ပေါက်တာနဲ့ ဈေးရောင်းတဲ့သူကို ဈေးဒီလောက်ကြီးရလားပေါ့ဆိုပြီး ဟိုပြောဒီပြော အပြစ်ပြောလိုက်တယ် ၊ မြန်မာလိုပြောတာပါ၊ ထိုင်းလိုပြောရင်၊ အဂ်လိပ်လိုပြောရင် ပြသနာတက်မှာစိုးလို့ ။ ဈေရောင်းတဲ့သူမျက်နှာကို တည့်တည့်ကြီးကိုကြည်ပီး မြန်မာလို ပြောလိုက်တာ။ ငါကွပေါ့ သူမှ နားမလည်တာဆိုပြီး။ အဲဗျာ ကိုယ်လည်း သူနားမလည်ဘူးဆိုပြီး အားမနာ ပါးမနာပြောထည့်လိုက်တာ၊ ကိုယ်လည်း စကားပြောပြီးရော၊ အစ်ကိုတို့ အလည်လာတာလား တဲ့။ သေပြီဆရာပဲ၊ မျက်နှာကို ထူပူသွားတာပဲ။ ထိုင်းကိုလာရင် သူများနိုင်ငံဆိုပြီး မြန်မာလို အတင်းမအုပ်မိပါစေနဲ့ ၊ shopping mall တိုင်းမှာ စားသောက်ဆိုင်တော်တော်များများမှာ မြန်မာအလုပ်သမားတွေ ရှိပါတယ်။
စောစောက ရေသန့်ရောင်းတဲ့သူက စားသောက်ဆိုင်ကပါ။ သူနဲ့ စကားပြောရင်း ဆင်ပြပွဲနဲ့ ထိုင်းရိုးရာကပွဲကြည့်ချင်တဲ့အကြောင်း ၊ လက်မှတ် ဝယ်ရင် စုံစမ်းပါတယ်။ အဆိုပါ မိတ်ဆွေက လက်မှတ်မဝယ်ပါနဲ့တဲ့ ဈေးကြီးပါတယ်တဲ့။ အလကားဝင်၍ရသော အပေါက်( ခွေးတွေးပေါက်ဟုတ် ခေါ်သည်ဟု ကျွုပ်ယူဆသည် :P) မှ ဝင်ရန်အကြံပြုပါသည်။ ဆင်ပြပွဲနဲ့ ထိုင်းရိုးရာပြဇတ်ကပွဲမှာ မြန်မာအမျိုးသမီး ၇၀၀ကျော်ရှိတယ်လို့ သူကပြောပါတယ်။ အဲဒါနဲ့ နေ့လည်၂နာရီမှာ ပြန်တွေ့ရန် ချိန်းဆိုပြီး ဥယျာဉ်ထဲ ထွက်ရန် ပြင်ဆင်ကြပါတယ်။
ဥယျာဉ်ကြီးဟာ ဧက၆၀၀ကျော် ကျယ်ဝန်းပါတယ်။ ဥယျာဉ်ထဲပတ်ရန်အတွက် shuttle bus နဲ့ပတ်လို့ရပါတယ်။ ၊ ကျွန်တော်တို့ လွတ်လွတ်လပ်လပ်သွားချင်တဲ့အတွက် စက်ဘီးငှားပြီး ပတ်ကြပါတယ်။
အရှေ့ တောင်အာရှအကြီးဆုံးဥယျာဉ်ပီပီ ရှုခင်းရှုကွက်မျိုးစုံနဲ့ ကျယ်ဝန်းလှပါတယ်။






Read More...

Nong Nooh ခရီးသည်-အပိုင်း(၁)(မဟာမြိုင်ခရီးသည် နဲ့ မည်သို့မျှ မသက်ဆိုင်)

အခုတစ်လော အဆင်မပြေတာလေးတွေ များနေတော့ လူက စိတ်နည်းနည်းညစ်နေတယ်။ စိတ်ညစ်နေတုန်း သူငယ်ချင်းက ဖုန်းဆက်ပြီး ပြောတယ် ၊ nong Nooch ဥယျာဉ်သွား မလို့ လိုက်မလားတဲ့။ အတော်ပဲပေါ့ အခုလိုအချိန်က အဝိစိခေါ်ရင်တောင် လိုက်မှာ။ စိတ်ညစ်နေတုန်း ခရီးထွက်ရင် ပြေပျောက်တယ်လေ။ nong Nooch ဆိုတာ ဖြူသလား မည်းသလား သိရအောင် ပညာရှိဂုရုကြီးဆီ သွားမေးရတယ်၊ ဂုရုကပြောတယ် အရှေ့တောင်အာရှမှာ အကြီးဆုံးဥယျာဉ်ကြီးတဲ့။ နည်းနည်းတော့ စိတ်ဝင်စားသွားပြီ။ ကြုံတုန်းဗျာ ကျွန်တော့်ရဲ့ ဆရာသမားဂုရုနဲ့ မိတ်ဆက်ပေးရအုံးမယ်။ မသိတာတွေ အကုန် သူ့ကိုမေးနေကျ၊ သူကလည်း အမြဲတမ်း ဖြေရှာပါတယ်။ နာမည်ကတော့ google ပါတဲ့ဗျာ။

ညတုန်းက မူးပြဲအောင်သောက်ထားတဲ့ဒဏ်က မနက်ကျမှ လာထိတော့တယ်။(မည်သို့မူးပြဲခဲ့သည်ကို ဆီပုလင်းဇင်လင်းနဲ့ နှင်းဆီပန်းခြေရာ ဝတ္ထုတွင်ဖော်ပြထားပါသည်)။ ခေါင်းတွေကိုက်ခဲပီး အိပ်ယာက ထရတာက ဓါတ်ခဲအားနည်းသွားတဲ့ စက်ရုပ်တစ်ရုပ်လို ပဲ။ ဒီနေ့ သူငယ်ချင်းတွေနဲ့ Nong Nooch သွားဖို့ ချိန်းထားတဲ့နေ့ပဲ။ မထချင်ပဲ ကျိတ်မှိတ် ထလိုက်ရတယ်။

ကျွန်တော်တို ခရီးသည် (၆)ယောက် ကားအပြတ်ငှားပြီး(ကားအပျက် မဟုတ်ပါ) ထွက်ခဲ့ကြတယ်။ ပထမဆုံးရောက်တာက
Buddha Mountaion ၊ ထိုင်းလိုခေါ်တာကတော့ Khao Chee Chan ပါ။ ပတ္တယားမြို့ အနီးမှာတည်ရှိပါတယ်။ ပတ္တယားကို ၃ခေါက်ရောက်ပြီးပေမဲ့ ဒီဘုရားကို ရှိမှန်း မသိခဲ့ဘူး။ အကုသိုလ်များပုံများ။မဟုတ်တဲ့ နေရာပဲ ရောက်ခဲ့တာလေ( ဆီပုလင်းဇင်လင်းနှင့် Walkig street ဒေဝီ တွင် ဖော်ပြထားပါသည်)။ တောင်နရံပေါ်မှာ လေဆာနည်းပညာသုံးပြီး ကျောက်နရံမှာ ရွှေနဲ့ ရေးထိုးတာတဲ့ ဘုရားရုပ်ပွားတော်ဟာ အလွတ်တရာကြည်ညိုဖွယ်ကောင်းလှပါတယ်။ ကမ္ဘာပေါ်မှာ အရှည်ဆုံးကျောက်ထွင်း ရုပ်ပွားတော်လို့ သိရပါတယ်။ အမြင့်က ၁၃၀မီတာရှည်ပါတယ်။ စကားမစပ် ရွှေမြန်မာတို့အကျင့်လေးကို ပြောရအုံးမယ်၊ အထူးသဖြင့် မိန်းကလေးတွေပါ။ ဘယ်နေရာရောက်ရောက် ဓါတ်ပုံအရိုက်ခံပါရစေ၊ ဓါတ်ပုံရိုက်ပါရစေဆိုတာကြီးပါပဲ။ ဘုရားလည်းရောက်ရော ဦးခိုက်ဖို့ စမလုပ်ဖြစ်ဘူး၊ ဓါတ်ပုံစရိုက်ကြတယ်( အဲ့အထဲကျွန်တော်ကထိပ်ဆုံးကပါ)။


ပုံများကို အကြီးကြည့်လိုလျင် ပုံပေါ်၂ချက်နှိပ်ပါ၊ အားမရလျှင် ဇွန်း၊ခက်ရင်းဆွဲ၍ ကြည့် ပါ(zoom)။ ကျွန်တော်တို့အဖွဲ့ လည်း ဓါတ်ပုံရိုက်ကြ ဘုရာဖူးကြပါတယ်။ ဘုရားရုပ်ပွားတောကို ရွှေအစစ်သုံးပြီး လေဆာနဲ့ကျောက်နရံမှာ ထွင်းထားတာ လို့ သိရပါတယ်။ ဘုရားအောက်ခြေနားမှာ သူခိုးမကပ်အောင် ဗုံးတွေချထားတယ်လို့ အဖွဲ့ ဝင်တစ်ယောက်က အဆိုတင်သွင်းပါတယ်။ နေ့ချင်းပြန်ခရီးဖြစ်တဲ့အတွက် အချိန်ကောင်းစွာမရတာကြောင့် ကျွန်တော်တို့ ခရီးဆက်ထွက်ခဲ့ပါတယ်။ Nong Nooh ဥယျာဉ်ဆီကို...။ မကြာမှီမျော်ပေါ့ :D

Read More...

ကမ္ဘာ့ဈေးအချို ဆုံးကား
Free Image Hosting at <a href=www.ImageShack.us"/>


အိန္ဒိယ Tata Motor ကုပ္မဏီက ကမ္ဘာ့ဈေးအချို ဆုံးကားကို ထုတ်လုပ်လိုက်ပါတယ်၊ ၃မီတာရှည်တဲ့ Nano ကားကို မွန်ဘိုင်းမှာ စတင်မိတ်ဆက်လိုက်ပါပြီ။ အဲ့ကားလေးရဲ့ ရောင်းဈေးက အမေရိကန်ဒေါ်လာ ၁၉၇၉ ပါ။ မြန်မာငွေ သိန်း၂၀မပြည့်ပါဘူး။ လူအတော်များများ ဝယ်စီးနိုင်ပါလိမ့်မယ်။ အဲ့လိုဝယ်စီးနိုင်လာကြပြီဆိုရင် မြန်မာပြည်မှာ ယဉ်ကြောပိတ်ဆို့မှုတွေများလာမယ် ၊ လေထုညစ်ညမ်းမှုတွေများလာမယ့် ပြဿနာတွေဖြစ်လာမှာ စိုးရိမ်တဲ့အတွက် ကားတင်သွင်းခွင့်လိုင်စင်က သိန်း၂ထောင်လောက် သတ်မှတ်မယ်ထင်ပါတယ်၊ စေတနာနဲ့ပါ :P
အသေးစိတ်သိချင်ရင်ဒီကိုသွားကြပါ

Read More...

မရည်ရွယ်ပါ

စာသင်ခန်းထဲမှာ Zip ၊ Dick နဲ့ Pea ဆိုတဲ့ ကလေးသုံးယောက်ရှိတယ်။ သူတို့က အလွန်အဆော့သန်ကြတယ်။ ဆရာမက အလုပ်ကိစ္စနဲ့
အပြင်ခဏသွားနေချိန်မှာ Zip က စာရေးခုံပေါ်တက်ဆော့နေတယ်၊ Dick က အခန်းထဲက ဗီဒိုထဲဝင်နေတယ်၊ Pea ကတော့ အပြင်မှာ ခုန်ပေါက်နေတယ်။ ဆရာမလည်း ပြန်ရောက်လို့ ကလေးတွေဆော့နေတာတွေ့တော့ စိတ်တိုတိုနဲ့ အော်ပြောလိုက်တယ်။
Zip down, Dick out, and Pea in the corner
ဒီကနေ မှီငြိမ်းပါတယ်


ဆက်ဖတ်ရန်

Read More...

ဒါလေးနဲ့ဆို လုံခြုံမှုရှိတယ်

ကလေးတစ်ယောက် စတိုးဆိုင်လာပြီး အများသမီးလစဉ်သုံးဂွမ်းထုပ်ဝယ်တယ်။ အရောင်းတာဝန်ခံက လျှာရှည်ပြီးမေးတယ်။
တာဝန်ခံ- ကလေး ရဲ့  အမေ အတွက်လား။
ကလေး-ဟုတ်ပါဘူး။
တာဝန်ခံ-သြော် ဒါဆို ကလေးရဲ့  အစ်မအတွက်ပေါ့။
ကလေး-သူ့အတွက်လည်းဟုတ်ဘူး။
တာဝန်ခံ-ဟင် ဒါဆို ဘယ်သူ့အတွက်လည်း။

ကလေး--ညီလေးအတွက်ပါ။ တီဗွီမှာကြော်ငြာတယ် ဒါကိုသုံးထားရင် စက်ဘီးလည်းစီးနိုင်ပါတယ်၊ ရေလည်းကူးနိုင်ပါတယ်၊ ဒါလေးနဲ့ဆိုလုံခြုံမှုရှိတယ် ဆိုလို့ပါ။
တာဝန်ခံ-




IM Flash Smiles

Read More...

ပညာရှိ

ပင်စင်စား အဘိုးအိုတစ်ယောက်ဟာ ဆိတ်ငြိမ်ရပ်ကွက်လေးတစ်ခုကို ပြောင်းရွေ လာတယ်။ ပထမရက်တွေမှာတော့ သူ့အတွက် အဆင်ပြေပါတယ်။ ကျောင်းဖွင့်ရက် ရောက်လာတဲ့အခါ ကလေး ၃ယောက်ဟာ သူ့အိမ်ရှေ့လမ်းပေါ်ကနေ ကျောင်းသွား၊ကျောင်းပြန် အချိန်တိုင်း သံဗုံးတွေတီးပြီး ဆူညံနေတော့ သူ့အတွက် စိတ် အနှောက့်အယှက်ဖြစ် လာတယ်။ အဲဒါနဲ့ သူတစ်ခုခုလုပ်မှ ဖြစ်မယ်ဆိုတာ အဘိုးအို သဘောပေါက်လိုက်တယ်။ နောက်တစ်နေ့

အဘိုးအို- ဟေ့ ကလေးတို့ လာပါအုံး၊ မင်းတို့ကိုကြည့်ရတာ အရမ်းပျော်ဖို့ကောင်းတာပဲ၊ နောက်နေ့ အဘိုးအိမ်နားမှာ နေ့တိုင်း သံပုံး လာတီးကွာ မင်းတို့ကို တစ်နေ့ကို မုန့်ဖိုး ၅၀၀ကျပ်ပေးမယ်ဟေ့။
ကလေး ၃ယောက်- ကောင်းပါပြီ အဘိုး ကတိတည်ပါစေ။
အဲ့လိုနဲ့ အဘိုးအိုနဲ့ ကလေးတွေ တစ်နေ့ ၅၀၀ကျပ်နဲ့ နေ့တိုင်းသံပုံးလာတီးဖို့ အပေးအယူဖြစ်သွားတယ်။
နောက်ရက် အနည်းငယ်ကြာတော့ အဘိုးအိုက ကလေး၃ယောက်ကို ခေါ်ပြီး
အဘိုးအို-ကလေးတို့ရေ အခု စီးပွားရေးပြဿနာဆိုက်နေတော့ အဘိုးတို့ အခွန်တွေပိုပေးရတယ်။ အဘိုးပင်စင်လစာ အရင်လောက် မရတော့ဘူးကွ၊ အဲ့တော့ မင်းတို့ကို တစ်နေ့ ၂၅၀ပဲပေးနိုင်မယ်ကွာ။ မင်းတို့လက်ခံနိုင်ရဲ့ လား။
ကလေး၃ယောက်ဟာ သိပ်တော့ ကျေနပ်လှတယ်မဟုတ်ပေမဲ့ ဘာပဲအတွန့်မတက်ပဲ လက်ခံလိုက်ကြတယ်။
နောက်ရက်အနည်းငယ်ကြာတော့ အဘိုးအိုက ကလေးတွေကို ထပ်ခေါ်ပြန်တယ်။
အဘိုးအို-ကလေးတို့ရေ အဘိုးဒီလ အသုံးစရိတ်များသွားလို့ မင်းတို့ကို တစ်ရက် ၁၀၀ပဲပေးနိုင်မယ်ဟေ့၊ မင်းတို့ သဘောတူလားကွ။
ကလေး၃ယောက်- ဘာဗျ ဒီငွေလေး ၁၀၀နဲ့ ကျုပ်တို့က အချိန်ကုန်ခံပြီး နေ့တိုင်းသံပုံးလာတီးနေရမှာလား။ အဘိုး ရူးနေလား၊ လုံးဝ သဘောမတူဘူး၊ ဒီနေ့ကစပြီး လုံးဝ လာမတီးပေးနိုင်ဘူး၊ ဒါပဲ
ဒါလေးကို ဒီကနေ မှီငြိမ်းပါတယ်
ဟာသအဖြစ်တင်ထားပေမဲ့ သင်ခန်းစာယူစရာလေး ပါ။ ကိုယ်လိုချင်တဲ့အရာကို တိုက်ရိုက်ပြောရင် တစ်ခြားသူ လက်မခံနိုင်ဘူးထင်တဲ့အခါ တစ်ခြားနည်းလမ်းနဲ့ ရအောင်လုပ်ယူနိုင်တယ်တယ်ဆို သတိရနိုင်ပါစေ၊

Read More...

AutoCAD နိဒါန်း (၁)

AutoCAD ဆိုသည်မှာ

၁-၁ AutoCAD အကြောင်း

AutoCAD ၏ First released ကို ၁၉၈၂ ခုတွင် MicroCAD အမည်ဖြင့် စတင်ဖြန့်ချီ ခဲ့ပါသည်။ ထို့နောက်တွင် AutoCAD သည် အစွမ်း ထက်မြက်သော ပုံဆွဲ ကိရိယာ တစ်ခုဖြစ်လာခဲ့ပါသည်။ AutoCAD သည် Computer Aided Design (CAD) ခေါ် Drawing Software များထဲမှ အခြေခံအကျဆုံးသော Software တစ်ခုဖြစ်ပါသည်။ Autodesk ကုမ္ပဏီမှ ထုတ်လုပ်သော CAD software များတွင် ဈေးနှုန်း အနည်းဆုံး ဖြင့် ရောင်းချသော software တစ်ခုဖြစ်ပါသည်။ ထို့ကြောင့် ၄င်း၏ လုပ်ဆောင်နိုင် စွမ်းရည်မှာ အခြားသော software များထက် နိမ့်ကျနေပါသည်။ သို့ရာတွင် AutoCAD တွင် ထူးခြားသော အရည်အချင်း တစ်ရပ် ရှိနေပါသည်။ ၄င်းမှာ Command line ပင်ဖြစ်ပါသည်။ ၄င်းသည် program ရေးသွင်းနိုင်သော Programming inerface ပင်ဖြစ်ပါသည်။ ရှေးဦးစွာ ပေါ်ခဲ့သော Programming Language များမှ ယနေ့ထက်တိုင် အသုံးပြုနေသော language နှစ်ခု ရှိပါသည်။ ၄င်းတို့မှာ FORTRAN နှင့် LISP programming တို့ ဖြစ်ပါသည်။ Auto CAD သည် AutoLISP ခေါ် LISP based program တစ်ခုပေါ်တွင် တည်ဆောက်ထားပါသည်။ အောက်ပါ အတိုင်း ရိုက်ကြည့်ပါ။


Command: (* 5 9)

45

ထို့ကြောင့် AutoCAD သည် program ရေးသွင်းနိုင်သော CAD software တစ်ခုဖြစ်ပါသည်။ ဤသည်ပင်လျှင် AutoCAD ၏ ထူးခြားမှုဖြစ်ပြီး user ကိုယ်တိုင်မှ မိမိ စိတ်ကြိုက် ပြင်ဆင် ဖြည့်စွက်နိုင်မှုကို autodesk မှ ပေးအပ်ထားပါသည်။ သို့ရာတွင် Draftman အနေဖြင့် အသက်မွေးဝမ်းကျောင်းနေသူများ အနေဖြင့် AutoCAD ကို အထူးလေ့လာရန် လိုသော်လည်း ၊ မိမိတို့ လုပ်ငန်း အခြေအနေ အရ သင်ယူရသူများအနေဖြင့် အထူးကျွမ်းကျွင်စွာ လေ့ကျင်ခြင်းထက် မိမိသက်ဆိုင်ရာ နယ်ပယ် အလိုက် အထူးပြု software များကို ဆက်လက် လေ့လာရန် တိုက်တွန်းလိုပါသည်။ အခြားသော အဆင့်မြင့် CAD များ ကို လေ့လာရန်မှာမူ AutoCAD ကို မသိမဖြစ်လေ့လာရန်လိုအပ်ပါသည်။





၁-၂ AutoCAD Interface or General Features of AutoCAD

AutoCAD Screen










(1) Title Bar လက်ရှိ Drawing ၏ အမည်ကို ဖော်ပြပေးသည်။
(2) Menu Bar Menu များကို ခေါ်တင်၍ အသုံးပြုရန် နေရာဖြစ်သည်။ မိမိစိတ်ကြိုက် ပြုပြင် ပြောင်းလဲ နိုင်သည်။
(3) Toolbars AutoCAD command များကို tools များ အနေဖြင့်ဖော်ပြပေးသည်။ မိမိစိတ်ကြိုက် ပြုပြင် ပြောင်းလဲ နိုင်သည်။
(4) Drawing Area ပုံဆွဲရန် နေရာဖြစ်သည်။
(5) Cursor AutoCAD တွင် Pointer အစား cursor ဖြင့် သုံးပါသည်။
(6) UCS Icon User Coordinate system Drawing အတွင်းရှိ Coordinate တန်ဖိုးအားလုံးကို UCS origin မှ တိုင်းတာသည်။ လိုအပ်သလို ရွေ့ပြောင်းနိုင်သည်။
(7) Model/Layout Tabs Model space (ပုံဆွဲသော နေရာ) နှင့် Paper space (စာရွက်)ကို ရည်ညွှန်းသည်။
(8) Command Line User ခိုင်းစေသော command တစ်ခု ပြီးဆုံးရန် လိုအပ်ချက်များ ကို ဖော်ပြပေးသည်။
(9) Status Bar ပုံဆွဲမှု အထောက်အကူပြု Drawing Aids Command များ၏ အခြေအနေ ကို ဖော်ပြပေးသည်။
(10) Scroll Bar Drawing ရေးဆွဲရာ တွင် မြင်ကွင်း မပြည့်စုံပါက ရွေ့ကြည့်နိုင်ရန် ဆောင်ရွက်ပေးသည်။

မှတ်ချက်။ ။ ယခု ဖော်ပြချက်များသည် အကြမ်းဖျင်း ဖော်ပြချက်များသာ ဖြစ်ပြီး အသေးစိတ် သိလိုပါမူ ဆရာ Robert Tin Aye ရေးသားသော Applied AutoCAD 2002 ၌ ဖတ်ရှုနိုင်ပါသည်။



၁-၃ Function and Accelerator Keys



























No
Title
Description
1
F1
Help File ကို ဖွင့်ပေးသည်။
2
F2
Text Screen ဝါ Command window ကို ဖော်ပြ သို့ ပိတ်ပေးသည်။
3
F3
Osnap ON/OFF
4
F4
Tablet ON/OFF
5
F5
Iso Mode ဖြင့် ပုံဆွဲသောအခါ Isoplane ကို လှည့်ပေးသည်။
6
F6
Coords ON/OFF
7
F7
Grid ON/OFF
8
F8
Ortho ON/OFF
9
F9
Snap ON/OFF
10
F10
Polar ON/OFF
11
F11
Object Snap Tracking ON/OFF
12
F12
Dynamic Input ON/OFF
13
CTRL+A
Groups ON/OFF
14
CTRL+B
Snap ON/OFF
15
CTRL+C
COPY to clipboard*
16
CTRL+D
Coords ON/OFF
17
CTRL+E
Isoplane Toggle
18
CTRL+F
Osnaps ON/OFF
19
CTRL+G
GRID ON/OFF
20
CTRL+K
Hyperlink dialogue ကို ဖွင့်ပေးသည်
21
CTRL+L
Ortho ON/OFF
22
CTRL+N
New Drawing ကို ဖွင့်ပေးသည်*
23
CTRL+O
Open Dialogue ကို ဖွင့်ပေးသည်*
24
CTRL+P
Print Dialogue ကို ဖွင့်ပေးသည်*
25
CTRL+S

Drawing အသစ်ဖြစ်ပါက save dialogue ကို ဖွင့်ပေးသည်။ Name ပေးပြီးပါက save ပေးသည်

26
CTRL+X
Clipboard သို့ CUT လုပ်ပေးသည်*
27
CTRL+Z
UNDO *

မှတ်ချက်။ ။ *ပြထားသော Shortcut များသည် Window shortcut များနှင့် အတူတူပင်ဖြစ်သည်။

၁-၄ Command တစ်ခုအား ခိုင်းစေခြင်း။

AutoCAD တွင် Command တစ်ခု ကို နည်းလမ်း (၃) ရပ်ဖြင့် ထည့်သွင်းနိုင်သည်။
၁။ Menu များမှ တဆင့် ခိုင်းစေခြင်း။ Menu bar မှ Menu များကို ဆွဲချ၍ နှစ်သက်ရာ command ကို ရွေးချယ်နိုင်သည်။ ဥပမာ- Line ဆွဲရန် Draw Menu မှ Line ကို ရွေးပါ။
၂။ Toolbar မှ တဆင့် ခိုင်းစေခြင်း ။ Toolbar များမှ Line Tool Line Tool ကို ရွေး၍ နှိပ်ပါ။ Line Tool မှာ Draw Toolbar ထဲတွင် ရှိပါသည်။
၃။ Keyboard ကို သုံး၍ Command Line မှ တဆင့် ခိုင်းစေခြင်း။ ဤနည်းလမ်းသည် အသုံးအများဆုံး နည်းလမ်းဖြစ်သည်။ ဥပမာ- Line ဆွဲရန် line ဟု ရိုက်၍ spacebar ကိုပုတ်ပါ။ သို့ အတိုကောက် l ဟု ရိုက်၍ spacebar ကို ပုတ်ပါ။


မှတ်ချက်။ ။ AutoCAD တွင် space bar ကို Enter key အဖြစ်သုံးသည်။ ညာဘက်က မောက်စ် ကို သုံး၍ ဘယ်ဘက်လက်မှ command ကို keyboard မှ တဆင့် ရိုက်သွင်းခြင်းသည် သက်တောင့်သက်သာ အရှိဆုံးဖြစ်ပါသည်။



၁-၅ နောက်ဆုံး Command ကို ပြန်လည်အသုံးပြုခြင်း။

AutoCAD တွင် နောက်ဆုံး အသုံးပြုထားသော Command ကို နည်းလမ်း (၃) ရပ်ဖြင့် ပြန်ခေါ်နိုင်သည်။
၁။ Keyboard ပေါ်ရှိ Enter key ကို နှိပ်ပါ။
၂။ Spacebar ကို နှိပ်ပါ။
၃။ Right Click ခေါက်ပါ။



၁-၆ AutoCAD command တစ်ခု ကို cancel လုပ်ခြင်း။

Active ဖြစ်နေသော command တစ်ခု ကို cancel လုပ်ရန် Esc key ကိုနှိပ်ပါ။


မှတ်ချက်။ ။ တစ်ချို့သော command များသည် option များပါဝင် သဖြင့် Esc ကို တစ်ခါနှိပ်ယုံဖြင့် ထွက်မသွားပါ။ ထို့ကြောင့်သေချာအောင် နှစ်ခါနှိပ်သင့်ပါသည်။




၁-၇ Pointing Device (Mouse) ကို အသုံးပြုခြင်း

Common Mouse

ယနေ့ခေတ်သုံး မောက်စ်များတွင် အများအားဖြင့် အစိတ်အပိုင်း (၃) ပိုင်းဖြင့် ဖွဲ့စည်းထားပါသည်။
Left Mouse Button
ဘယ်ဘက် မောက်စ် ခလုပ်ကို object များကို select လုပ်ရာတွင် သုံးပါသည်။ ထို့အပြင် Double click နှင့် press and drag လိုရာသို့ ဖိဆွဲခြင်းများလည်း ပြုနိုင်သည်။
Right Mouse Bottom
ညာဘက်မောက်စ် ခလုက်ကို Enter အဆုံးသတ်ရာတွင် သုံးပါသည်။ အကယ်၍ Options များရှိနေသေးလျှင် popup menu များခေါ်ရန် သုံးပါသည်။
Scroll wheel
ဘီးကို ပုံမှန် အားဖြင့် Window ကို ထက်အောက်ရွှေ့ကြည့်ရန် သုံးသော်လည်း AutoCAD တွင် zoom in/out လုပ်ရန်သုံးပါသည်။ ဘီးကို ရှေ့သို့ တွန်းလိုက်ခြင်းသည် အနီးသို့ ဆွဲကပ်ကြည့်ခြင်း (zoom in) ဖြစ်၍ နောက်သို့ ဆွဲလိုက်ခြင်းသည် အဝေးမှကြည့်ခြင်း (zoom out) ဖြစ်ပါသည်။ ဘီးကို ဖိနှိပ်လိုက်ပါ က pointer သည် လက်ပုံသို့ပြောင်းသွားပါသည်။ ယင်းမှာ zoom pan သို့ ပြောင်းသွားခြင်းဖြစ်ပြီး မြင်ကွင်းကို လိုရာသို့ ရွှေ့ရန် သုံးပါသည်။


မှတ်ချက်။ ။ Scroll Wheel ဖြင့် zoom အမျိုးမျိုး ကြည့်ခြင်းကို မည့်သည့် command active ဖြစ်နေသည်ဖြစ်စေ ကြားဖြတ် သုံးနိုင်ပါသည်။




Read More...

ချစ်ခွန်းချွေသဝဏ်လွှာ

၁ ယောက်သောသူအတွက်
၂ လုံးတည်းသောစကား ပြောကြားချင်တယ်၊
၃ နေကျစကားမဟုတ်လို့
၎ လေးနက်နက်နားထောင်ဖို့လိုမယ်။
၅ တစ်ကောင် ကုန်းပေါ်ရောက်နေတဲ့အလား မင်းမရှိရင်
၆ ကပ်အထီးကျန်မှုတွေ ခံစား နေရလို့
၇ သံချီဟစ်ပြီး ဖွင့်ပြောမယ်
၈ တယ် 'ချစ်တယ်' အချစ်ရယ်။
၉ ကွယ်ရာမဲ့ ရေတိမ်နစ်နေတဲ့နလုံးသား
၁၀ ယူဖေးမလို့ ကြင်နာသနားပါ။
၁၁ ကြိုးကဝေအတတ်နဲ့ ပြုစားခံရလို့
၁၂ ရာသီအလွမ်းဖျားတွေနဲ့ ငါ့အသဲနှလုံး မင်းမရှိရင်
၁၃ လို့ မရတော့အောင်ကွဲကြေနိုင်တဲ့အရေး ကာကွယ်ပေးဖို့
၁၄ ရက်(ချစ်သူများနေ့)အမှီ တုံ့ ပြန်မေတ္တာပေးလှည့်ပါနော်။

လမ်းပြကြယ်လေး

Read More...

ကမ္ဘာ့နာရီ

About This Blog

Lorem Ipsum

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP